တေဇောဓာတ်
Red Jasper ကျောက်ဟာဆိုရင် တည်တံ့ မှုကိုကိုယ်စားပြုတဲ့ ကျောက်အမျိုးအစား ဖြစ်ပါတယ်။ မိမိကိုယ်ကိုမိမိ ယုံကြည်စိတ်ချစေပါတယ်။
ကြောက်စိတ်ကိုဖယ်ရှားနိုင်တာကြောင့် စိတ်လုံခြုံမှုကို ခံစားရရှိစေနိုင်ပါတယ်။ သူတစ်ပါးကို အားကိုးခြင်းထက် မိမိကိုယ်ကိုအားကိုးပြီး အမှီအခိုကင်းစွာ ရပ်တည်လိုစိတ်ကို လှုံ့ဆော်ပေးပါတယ်။
အလုပ်တွေကို တပြိုင်တည်း အများကြီးလုပ်ကိုင်လိုတာကြောင့် မပြီးမစီးဖြစ်ခြင်းထက် တစ်ခုဆို တစ်ခု သေချာစွာ ပြီးမြောက်အောင်မြင်အောင် လုပ်ကိုင်နိုင်စေပါတယ်။
စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ ဟော်မုန်းများကြောင့် စိတ်ခံစားမှုများ မတည်မငြိမ်ဖြစ်ခြင်းတို့ကို ထိန်းသိမ်းကုသပေးနိုင်ပါတယ်။ စိတ်မြန် လက်မြန်နဲ့ ထင်ရာစိုင်းလုပ်တတ်တာတွေကိုလည်း control လုပ်နိုင်စေတဲ့ အကျိုးအာနိသင်လည်း ရရှိစေပါတယ်။ ခန္ဓာကိုယ် သွေးလည်ပတ်မှုကို အားကောင်းစေပြီး အသည်းကို အဆိပ်အတောက်ဖြစ်မယ့်အရာတွေကို ဖယ်ရှားပေးပါတယ်။