ပေါ့ပေါ့ပါးပါးလေးနှင့်စေးကပ်မှုမရှိတဲ့မျက်လုံးတဝိုက်အရေပြားကို သက်တောင့်သက်သာဖြစ်စေတဲ့ အစိုဓါတ်ဖြည့် gentle eye cream လေးပါ။ Calendula flower extract 10 concentration နှင့်ပြုလုပ်ထားတဲ့ ဒီ eye cream လေးကမျက်လုံးအတွက် နူးညံ့စေရုံမက အစိုဓါတ်ကိုဖြည့်တင်းပေးပြီး မျက်လုံးနားတဝိုက်အရေပြားကို အေးမြစေပါတယ်။
ဒါ့အပြင် chamomile, lily ကဲ့သို့သော herbs ၆ မျိုးလည်းပါဝင်တဲ့အတွက် အသားအရေကို သက်တောင့်သက်သာဖြစ်စေပြီး မျက်လုံးနားတဝိုက်ကနူးညံ့တဲ့အရေပြားကို relax ဖြစ်စေပါတယ်။
Calendula extract ပါဝင်လို့ ဓါတ်တိုးဆန့်ကျင်မှုနှင့် အသားအရေနီမြန်းရောင်ရမ်းခြင်းများကိုတိုက်ဖျက်ပေးခြင်း၊ အသားအရေကိုသက်တောင့်သက်သာဖြစ်စေပြီး နုပျိုလာစေခြင်းအပြင် cell renewal process ကိုလဲမြန်စေတဲ့အတွက် အသားအရေကိုအင်အားရှိစေပြီး ချောမွတ်လာစေပါတယ်။ ရုတ်တရက်ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော အသားအရေပျက်ဆီးမှုများကို လည်း moisture calming effect ပေးနိုင်တဲ့ eye cream လေးဖြစ်လို့ sensitive skin ရှိသူများအတွက်လဲ အသုံးပြုလို့ရပါတယ်။
အသုံးပြုပုံ
Serum နှင့် Emulsion အသုံးပြုပြီးနောက် မျက်လုံးနေရာတဝိုက်ကို eye cream လေးလိမ်းပေးပါ။ အရေပြားအတွင်းပိုင်းသို့ ရောက်စေရန် လက်သန်းကြွယ်လေးနှင့် မျက်လုံးတဝိုက်ကို စက်ဝိုင်းပုံဖြေးဖြေးချင်းပုတ်ပေးပါ။