Keratin သည်
* အရေပြားကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ပရိုတင်းတစ်ခု ဖြစ်ပြီး
* ဆံသား၊ အရေပြားနဲ့ လက်သည်းခွံ၊ ခြေသည်းခွံတွေမှာ တွေ့ရလေ့ရှိတဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါသည်...
* Keratin ကို ကိုယ်တွင်းအင်္ဂါနှင့် အဆီအိတ်လေးတွေထဲမှာလည်း တွေ့ရတတ်ပါတယ်...
ဆံသားတွေအတွက် Keratin ရဲ့ ကောင်းကျိုးလေးတွေကတော့
* ကြမ်းတမ်းခြောက်သွေ့နေသောဆံသားကို ချောမွေ့တောက်ပြောင်စေခြင်း
* ဆံသားကို ဖြောင့်စင်းစေပြီး စတိုင်ကျကျဖြစ်နေစေခြင်း
* ဆံသားတွေကို ပျက်စီးကြမ်းတမ်းခြင်းကနေ ကာကွယ်ပေးခြင်း
* ဆံနွယ်လေးတွေ ပိုးသားသကဲ့သို့ ပျော့ပျောင်းချောမွတ်စေခြင်း
* ဆံပင်ဆေးဆိုးခြင်း၊ ဆံပင်ဖြောင့်ခြင်းနှင့် ဆံပင်ကောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးသွားသော ဆံသားတွေကို ပြန်လည် အားဖြည့်ပေးခြင်းတို့ကို အဓိကလုပ်ဆောင်ပေးပါသည်။