Loading...

La Vie En Rose (Valentine’s Day Special Edition)

Categories: Home & Office Appliances    Water Bottle   
106,700 MMK

La Vie En Rose Crystal Water မှာ အဓိက အသုံးပြုထားတာကတော့ မေတ္တာတရား တို့ရဲ့ အခြေခံရာ နှလုံးသားစကြာ (Heart Chakra) ကို ကိုယ်စားပြုတဲ့ Pink Tourmaline (ပန်းရောင်ဖရဲအူ)နဲ့ Rose Quartz တို့ကို  စိတ်ကြည်လင်ခြင်း သမာဓိကို ကိုယ်စားပြုတဲ့ 🤍 Clear Quartz များဖြင့် ပေါင်းစပ်ပြီး ဖန်တီးထားပါတယ်...

Pink Tourmaline ခေါ် ပန်းရောင် ဖရဲအူ ကျောက်လေးတွေဟာ နှလုံးသားကို ရွှင်လန်းမှု ဖြစ်စေတဲ့အတွက် ပျော်ရွှင်ကြည်နူးမှုကို အရာရာ ကနေ ရှုမြင်ခံစားတတ်စေပါတယ်....

အကောင်းမြင်စိတ် နှင့် အတူမေတ္တာတရားကို လှုံ့ဆော်တဲ့အတွက် ကြင်နာသနားတတ်မှု၊ နွေးထွေးယုယမှု၊ သည်းခံ စိတ်ရှည်မှု တို့နှင့် အတူ Romantic Love ကိုလည်း ရင်၌ ဖြစ်ထွန်းစေပါတယ်...

ချစ်သူ နှင့် ဖြစ်စေ၊ အများသူငါ နှင့် ဖြစ်စေ လူမှုပေါင်းသင်း ဆက်ဆံရေး အဆင်ပြေစေသော အရည်အသွေးကိုလည်း တိုးတက်စေပါတယ်။

ဒါ့အပြင် အာရုံကြောများ အားကောင်း လန်းဆန်းစေခြင်း၊ စိတ်တင်းကြပ်မှုများအား ပြေလျော့ သက်သာစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းပြီး သရက်ရွက်၊ အသည်း၊ နှလုံး နှင့် မျိုးပွားဆိုင်ရာ အစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာများကိုပါ အားကောင်းစေခြင်း အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင်ပါတယ်...

Rose Quartz ခေါ် နှင်းဆီသလင်းကျောက်လေးတွေကတော့ ချစ်သူ နှစ်ဦးကြားတင်မက လူအချင်းချင်းကြားမှာပါ အထူးလိုအပ်တဲ့ မိမိ ကိုယ်ကို မေတ္တာထား လေးစားတတ်ခြင်းကို မြှင့်တင်ပေးပါတယ်....

မိမိကိုယ်ကို အရင် မေတ္တာထား တန်ဖိုးထားတတ်တဲ့ ချစ်သူ နှစ်ဦး ဆုံစည်းမှသာလျှင် အပြန်အလှန် မေတ္တာပေးနိုင်မှု၊လေးစားတန်ဖိုးထားမှု မြင့်တက်လာပြီး ဘဝတလျှောက် အဆင်ပြေသာယာစွာနဲ့ လက်တွဲသွားနိုင်မှာ ဖြစ်ပါတယ်...

Rose Quartz နှင့် Pink Tourmaline နှစ်မျိုးလုံးက စိတ်သဘောထား နူးညံ့ သိမ်မွေ့မှု၊ နုပျိုလန်းဆန်းမှုတို့နှင့်အတူစိတ်ဖိစီးစရာများကို Focus မလုပ်မိစေဘဲ လုပ်နိုင်တာလေးတွေကို တတ်နိုင်သမျှ ကြည်နူးစွာနဲ့ လုပ်သွားမယ် ဆိုတဲ့ စိတ်မျိုးကို ခံစားရရှိစေပါတယ်။ ဒါကြောင့် မိမိ ချစ်သူက မိမိ အပေါ် ကြင်နာတာလေးတွေကို အသေးစိတ် ကြည်နူးစွာ ခံစားတတ်လာစေပါတယ်…





Download here!

Go to uabpay app to purchase the products.





Description

Determination

 

 “Determination” ကျောက်မျက်ပုလင်းမှာတော့ မိမိရဲ့လုပ်ငန်းအတွက် အရေးကြီးဆုံးဖြတ်ချက်တွေ ပြုလုပ်တဲ့အခါ၊ လုပ်ငန်းဆောင်တာတွေအတွက် ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ ပြတ်သားမှန်ကန်စွာ လုပ်ဆောင်နိင်ဖို့အတွက်၊ မိမိလုပ်ငန်းတွေ တိုးတက်အောင်မြင်စေဖို့အတွက်ပါ အထောက်အကူဖြစ်စေမယ့် Citrine, Tiger’s Eye, Clear Quartz ကျောက် (၃) မျိုး ပါဝင်ပါတယ်။ Tiger’s Eye ခေါ် ကျားမျက်လုံးကျောက်အနေနဲ့ အလုပ်တွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ပျင်းရိငြီးငွေ့ခြင်းမရှိပဲ အစဉ်တစိုက် တစ်သမတ်တည်း လုပ်ကိုင်နိုင်စေပြီး အကြောင်းအရာတစ်ခုပေါ်မှာ ထဲထဲဝင်ဝင် စူးစမ်းလိုစိတ်ပြင်းပြစေပါတယ်... အပေါ်ယံအချက်အလက်များနဲ့ တင်းတိမ်ရောင်ရဲတတ်သော စိတ်ကို ရပ်တန့်စေပါတယ်.... Citrine ခေါ် သလင်းဝါကျောက်အနေနဲ့ အခုလို စိတ်ပင်ပန်းပြီး စိတ်ဓာတ်ခွန်အားတွေ လိုနေတဲ့ အချိန်မျိုးမှာ ပျော်ရွှင်လန်းဆန်းတက်ကြွစေတဲ့ စိတ်ခွန်းအားကိုပေးပြီး depression ဝင်ခြင်းမှကာကွယ်ပေးပါတယ်… စိတ်ခွန်အားတွေ ရရှိတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှု ခိုင်မာလာစေပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်စေတဲ့ အရည်အချင်းတို့ကို မွေးမြူပေးပါတယ် ...စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လမ်းသစ်တီထွင် လုပ်ကိုင်တတ်ခြင်းကိုလည်း အားပေးပါတယ်... ထပ်မံပြီးတော့ Master Healer Stone ဟု တင်စားခေါ်ဝေါ်ကြပြီး မိမိအနီးတဝိုက်ရှိ Energy များကို အဆမြှင့်တင်ပေးနိုင်တဲ့ Amplifier ကဲ့သို့ အစွမ်းရှိတဲ့ Clear Quartz ကျောက်တို့ကိုပါ ထပ်မံရောစပ် အသုံးပြုပေးထားပါသေးတယ်... Clear Quartz ရဲ့ အစွမ်းနဲ့ အခြားကျောက်များရဲ့ စွမ်းအင်များကိုပါ ထပ်မံ မြှင့်တင်ပေးလိုက်သကဲ့သို့ ပိုမိုထိမိသော Energy ကို ရရှိခံစားရစေမှာ ဖြစ်ပါတယ်... မှတ်ချက် "Determination" Crystal Water Bottle ကို နံနက်အရုဏ် နေရောင်ဖြင့် ဆေးကြောသန့်စင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် နံနက်အရုဏ်တွင် ပရိတ် ပဌာန်းများ နာယူခြင်း၊ ရွတ်ဆိုခြင်းဖြင့်လည်း ရေပုလင်းအား သိဒ္ဓိတင် Charging လည်း လုပ်ပေးနိုင်သလို စီးပွားရေး လာဘ်လာဘများ တိုးတက်ကောင်းမွန်လာစေသော " မဏိဇောတပတ္တမြားရတနာဂါထာတော် " ကို မနက်အာရုဏ်တက်အချိန်တွင်ဖြစ်စေ၊ ညဘက်အိပ်ခါနီးတွင်ဖြစ်စေ ဂါထာတော် တစ်ပိုဒ်ကို (၂၇) ခေါက်စီ ရွတ်ဖတ်ပူဇော် သိဒ္ဓိတင်ကာ သောက်သုံးနိုင်ပါတယ်။ 

 

Tips

ကျောက်မျက်ပုလင်းထဲသို့ ရေထည့်ပြီး ၇ မိနစ် မှ ၁၀ မိနစ်ထားပေးပြီး သောက်သုံးနိုင်ပါသည်။ ရေသန့်၊ ရေခဲရေ ထည့်ပြီး သောက်သုံးနိုင်ပါသည်။ ရေပူထည့်ပြီး သောက်သုံးလို့ မရပါ။