ဝါယောဓာတ်
Lapis Lazuli ခေါ် ပါလ ဒုတ္ထာသည် မိမိ၏ လူမှု ဆက်ဆံရေး စွမ်းရည်ကို မြှင့်တင်ပေးသော အစွမ်းရှိပြီး ကိုယ်စိတ် နှစ်ပါးလုံးကို ညီညွတ်မျှတ ၍ သဟဇာတ ဖြစ်နေအောင် စွမ်းအင်လှိုင်းများဖြင့် အကျိုးပြုသည်။ မည်သည့် အခြေအနေတွင်မဆို အပြုသဘောဆောင် အကောင်းမြင်တတ်စေပြီး Tension များကို လျော့နည်းစေသည်။ စိတ်ပန်းလူပန်း ဖြစ်နေပါကလည်း ပြန်လည် အားပြည့်သော ခံစားချက်ကို ရရှိစေပြီး မိမိကိုယ်ကိုမိမိ စိတ်ချယုံကြည်စိတ်အပြည့်ဖြင့် တစ်နေ့တာ လုပ်ငန်းဆောင်တာများကို အောင်မြင်သည်အထိ လုပ်ကိုင်နိုင်စေမည် ဖြစ်သည် ။ မိမိ၏ စိတ်ကူး စိတ်သမ်းများကို လက်တွေ့ ဖန်တီး အကောင်အထည်ဖော်နိုင်သည့် စွမ်းရည်ကို တိုးတက်စေသည်။
ကျန်းမာရေးအရ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် လည်ချောင်းဆိုင်ရာ ရောဂါ ဝေဒနာများကို သက်သာ ပျောက်ကင်းစေပြီး ရှေးအခါက နားမကြားခြင်း ဝေဒနာကိုပါ ပါလဒုတ္ထာဖြင့် ကုသခဲ့ကြသည်။ ပါလဒုတ္ထာတွင်ပါဝင်သော ဗဟန်းတွင်းထွက်ခေါ် Pyrite များကလည်း သွေးသားကို သန့်စင်စေသည့်အပြင် သွေးပေါင်ချိန် ကိုပါ ထိန်းညှိပေးထားနိုင်သည်။