လိုင်းပေါ်မှာ Live လွှင့်မလား၊ Game ဆော့ရင်း Record ဖမ်းမလား၊ Online ကနေ စာသင်မလား။ အိမ်တွင်းအောင်းရတဲ့ ရာသီဥတုမျိုးမှာ အိမ်မှာတင် အလုပ်ဖြစ်စေရမယ်။
Input 4K @30Hz အထိ အထောက်အပံ့ပေးပြီး Output Full HD 1080P @30Hz နဲ့ ရုပ်ထွက်ကြည်လင်ခြင်း။
Driver အထူးတလည် တင်ပေးစရာမလိုဘဲ Plug & Play စနစ်ဖြင့် အလွယ်တကူ တန်းသုံးနိုင်ခြင်း။
အပိုပါဝါကြိုး (External Power) ပေးစရာမလိုဘဲ USB 2.0 စနစ်ဖြင့် Delay မရှိ အသုံးပြုနိုင်ခြင်း။
Camera အကောင်းစားကြီးရှိပေမဲ့ PC/Mac ထဲကို Live Video တိုက်ရိုက်ထည့်လို့မရဖြစ်နေလား။ မီးခဏခဏပျက်တဲ့ မြန်မာပြည်မှာ Game Console တွေကို Laptop screen နဲ့ ချိတ်ဆော့ဖို့၊ OBS/Twitch မှာ Live လွှင့်ဖို့ ခေါင်းခဲနေပါသလား။
HDMI Video Capture Card လေးရှိရင် အားလုံးအိုကေပြီ။ Driver တင်စရာမလို၊ အပိုပါဝါကြိုးမလိုဘဲ ကွန်ပျူတာမှာ Plug & Play တန်းထိုးရုံပဲ။ Camera သို့မဟုတ် Game Console က HDMI ကြိုးကို ဒီကတ်ထဲစိုက်၊ ပြီးရင် USB ခေါင်းကို PC ထဲ စိုက်လိုက်ရုံနဲ့ OBS, VLC, Potplayer တွေမှာ ရုပ်ထွက်ချက်ချင်း ပေါ်လာမှာပါ။
Input 4K အထိရပြီး Output Full HD 1080P @30Hz နဲ့ အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့ အသံကို ရရှိမှာဖြစ်ပါတယ်။ အပူဒဏ်ခံနိုင်တဲ့ Operating temperature (-10 to + 55 ℃) ရှိလို့ မြန်မာပြည်ရာသီဥတုနဲ့ အကိုက်ညီဆုံးပါပဲ။ Streamer တွေ၊ ဆရာ/ဆရာမတွေနဲ့ မရှိမဖြစ် ကျစ်လစ်ပေါ့ပါးတဲ့ ပစ္စည်းကောင်းလေးဖြစ်ပါတယ်။
ဘူးတွင်းပါဝင်ပစ္စည်း -
1x HDMI Video Capture Card
1x User Manual
https://youtube.com/shorts/GurOfICHcAg