ပြင်းထန်တဲ့ ရာသီဥတုအောက်မှာ နေ့စဉ် ရုံးတက်၊ ဈေးဝယ် ဒါမှမဟုတ် အလုပ်ကိစ္စတွေကြောင့် လမ်းအကြာကြီးလျှောက်ရ၊ မတ်တတ်ရပ်ရလွန်းလို့ ခြေဖဝါးတွေပူစပ်ပြီး ခြေထောက်နဲ့ ခြေသလုံးတွေ တစ်နေကုန် ညောင်းညာကိုက်ခဲနေပါသလား?
အသုံးပြုရတာ အရမ်းလွယ်ကူပါတယ်။ မိမိလက်ရှိစီးနေတဲ့ Sneaker၊ Casual Shoes ဒါမှမဟုတ် လုပ်ငန်းခွင်သုံး Work Boots စတဲ့ ဖိနပ်တွေထဲက အောက်ခံပြားပေါ်မှာ Dr. Scholl's Massaging Gel Insoles ကို ထပ်တင်ပြီး စီးပေးရုံပါပဲ။ အမျိုးသမီး Size 6-10 (အမျိုးသား Size 8-13 လည်းရနိုင်ပါတယ်) ရှိပြီး ကိုယ့်ဖိနပ်ဆိုဒ်အလိုက် Trim to fit (ညှပ်ပြီးအသုံးပြုနိုင်) တဲ့ ပုံစံမျိုးဖြစ်ပါတယ်။
Dual Wave Design နည်းပညာကြောင့် ခြေလှမ်းတိုင်းမှာ ခြေဖဝါးကို နှိပ်နယ်ပေးသလို ခံစားရစေပြီး ခန္ဓာကိုယ်အလေးချိန်ကြောင့် ဖြစ်ပေါ်တဲ့ ဒဏ်ကို လျှော့ချပေးပါတယ်။ တစ်နေကုန် မတ်တတ်ရပ်ပြီး အလုပ်လုပ်ရသူတွေအတွက် ခြေသလုံးနဲ့ ခြေထောက်ကြွက်သား ညောင်းညာပန်းနွမ်းနယ်မှုကို သိသိသာသာ သက်သာစေပြီး လန်းဆန်းတက်ကြွတဲ့ ခြေလှမ်းတွေကို ပိုင်ဆိုင်စေမှာပါ။
https://youtube.com/shorts/jvPJyYK1bHQ