Loading...
   Oway Fresh

Myst Perfume - Replica Beach Walk (30ML)

Categories: Health & Beauty    Perfume   
25,500 MMK

-





Download here!

Go to uabpay app to purchase the products.





Description

Replica ရဲ့ ရေမွှေးလေးတွေက ခုနောက်ပိုင်း ရေမွှေးချစ်သူတွေကြားမှာ အရမ်း popular ဖြစ်လာတာ အကြောင်းရှိတယ်…ထွက်သမျှအနံ့လေးတွေအကုန်လုံးက ရေမွှေးအရမ်းမဆန်ဘဲ နေရာဒေသ တစ်ခုကို ကိုယ်ရောက်သွားတဲ့အခါ ခံစားရမယ့် ပတ်ဝန်းကျင်ကရနံ့လေးတွေကို create လုပ်ပြီးပုလင်းလေးထဲ ထည့်ပေးထားတဲ့သဘောမျိုး… အနံ့လေးရတာနဲ့ အဲ့နေရာကို စိတ်ကူးနဲ့ ရောက်သွားကြည့်လို့ရအောင် ပုံဖော်ပေးထားတာမျိုးပေါ့နော်… အဲ့တာကြောင့်  ဒီ brand ကရေမွှေးနာမည်လေးတွေဆို By the fireplace (မီးလင်းဖိုနံဘေး) တို့ ၊ Lazy Sunday Morning (ပျင်းရိဖွယ် တနင်္ဂနွေမနက်ခင်း)တို့ ၊Dancing on the moon (လကမ္ဘာပေါ်မှာ ကခုန်ခြင်း) တို့လို အဆန်းလေးတွေချည်းပဲ..

         အခု Beach Walk ဆိုရင်လည်း တစ်ကယ်ကို ပင်လယ်ကမ်းခြေဘေးမှာ လမ်းလျှောက်နေရသလို စိတ်လက်ပေါ့ပါးပြီး အေးချမ်းတဲ့ ခံစားချက်လေးပေးနိုင်တယ်.. Fresh ဖြစ်စေတဲ့ အုန်းစိမ်းရည်အနံ့လေးရော၊ သဲသောင်ပြင်ကို ဖြတ်တိုက်လာတဲ့ ပင်လယ်လေရဲ့ လတ်ဆတ်တဲ့ ရနံ့ကိုရော အနီးစပ်ဆုံးရန်ိုင်တဲ့ ရေမွှေးလေးပါ…တစ်ကယ်ကို ကမ်းခြေက သဲပေါ်မှာထိုင်ပြီး အုန်းရည်သောက်နေရသလိုပါပဲ.

သင်းသင်းလေးနဲ့ စိတ်ကြည်နူးစေတဲ့ အနံ့လေးမို့ မြန်မာနိုင်ငံရာသီဥတုနဲ့ လိုက်ဖက်ပြီး မိန်းကလေးရော/ ယောကျာ်းလေးပါ သုံးလို့ရတယ်… အခု $ စျေးနဲ့ဆို replica လေးတွေက တစ်ပုလင်းကို ၃ သိန်းနားကပ်နေပြီမို့ Myst ကနေ ဒီအနံ့လေးထွက်လာတာ မင်မင်တော့ အရမ်းဝမ်းသာတယ်၊ တစ်ဝကြီး ဖြန်းလို့ရပြီ