Loading...
   Oway Fresh

Myst Perfume - Versace Bright Crystal Absolu (30ML)

Categories: Health & Beauty    Perfume   
25,500 MMK

-

Out Of Stock
Description

Bright Crystal ကို ကြိုက်ပြီးသားဆိုရင်တော့ Absolu version လေးကို မျက်စိမှိတ်သာ ဝယ်လိုက်ပါယူတို့ရေ မင်မင်ရဲ့ ဘဝမှာပထမဦးဆုံး စဝယ်ခဲ့ဖူးတဲ့ ရေမွှေးလေးဟာ Bright Crystal Absolu 10ml size roller လေးပါ….အရင်ကဆိုလေ ရေမွှေးအနံ့တွေ အကြောင်းကို နားမလည်ခဲ့တော့ ရေမွှေးဆိုတာ အနံ့ပြင်းတယ် မူးတယ်၊ ရေမွှေးမကြိုက်တတ်ဘူးဆိုပြီး ထင်ခဲ့တာ…

     ဒါလေးကတော့ သူငယ်ချင်းက အရမ်းညွှန်းတာရယ်၊ sale ချတဲ့အချိန်ရယ်နဲ့ ကြုံတော့ အရဲစွန့်ပြီး ဝယ်လိုက်တာ… ရှူကြည့်လိုက်တဲ့ အချိန်မှာလေ “ဟယ်…ရေမွှေးဆိုတာ ဒီလို သင်းသင်းလေးနဲ့ ကောင်းတာလည်း ရှိတယ်လား” ဆိုပြီး အံ့ဩသွားစေခဲ့တဲ့ အနံ့ပါ… (အဲ့ကနေ ရေမွှေးပိုးကလည်း စဝင်သွားတာပဲရှင် )

         ဒီ Bright Crystal Absolu လေးက Original Bright Crystal ထက် Raspberry သီး အနံ့လေးပိုကဲတော့ ပိုပြီး fresh ဖြစ်တယ်၊ စိတ်လည်းအရမ်းကြည်စေပါတယ်…Blind buy လုပ်တောင် မမှားတဲ့ အနံ့ပါနော်