ခွန်အားနဲ့ မာန အမြဲတမ်းရှိတဲ့ NAGA (နာဂ) စစ်သည်တော်မျိုးနွယ်တွေဟာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ အခြေချနေထိုင်ကြပေမဲ့ အနီရောင် အဝတ်အစားတွေ၊ အဆင်တန်ဆာတွေနဲ့ ဘုံရိုးရာယဥ်ကျေးမှုတစ်ခုတော့ရှိကြပါတယ်။ Naga Line မှာဆိုရင် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုတဲ့ အနက်ရောင်နဲ့ သတ္တိကို ကိုယ်စားပြုတဲ့ တောက်ပတဲ့အနီရောင်ကို ထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။