Collagen နှင့်အလှအပအတွက်အကျိုးကျေးဇူးများရရှိစေတဲ့ သလဲသီးနှင့် ပြုလုပ်ထားတဲ့ ဘက်စုံသုံး
eye cream လေးဖြစ်ပါတယ်။ မျက်လုံးတဝိုက်အရေပြား အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ မျက်အိတ်ဖောင်းခြင်း၊အမည်းရောင်ကွင်းများဖြစ်ပေါ်ခြင်းနှင့် အရွယ်မတိုင်ခင်အိုမင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
eye cream အနေနှင့်သာမကဘဲ လည်ပင်းနှင့် ရေဓါတ်နှင့်အစိုဓါတ်လိုအပ်တဲ တခြားခန္ဓာကိုယ်အစိတ်အပိုင်း နေရာတွေမှာ လိမ်းပေးနိုင်ပါတယ်။ အသားအရေခြောက်တဲ့ နေရာတွေကိုလိမ်းပေးခြင်းအားဖြင့် အသားအရေကိုအတွင်းပိုင်းထိအစိုဓါတ်ပေးနိုင်ပြီး အသားအရေကို တင်းရင်းစေပါတယ်။ သလဲသီးနှင့်ပြုလုပ်ထားလို့အသားအရေကိုလည်း ဖြူဝင်းလာစေပါတယ်။
အသုံးပြုပုံ
Serum နှင့် emulsion အသုံးပြုပြီးနောက် မျက်လုံးတဝိုက်ကို eye cream လေးယူပြီးလိမ်းပေးပါတယ်။လက်သန်းကြွယ်လေးနှင့် ပိုပြီးစုပ်ယူမှာအားကောင်းစေဖို့ အသာလေးပုတ်ပေးပါ။