ဆန်သပွတ်အူဆပ်ပြာ
3,500 MMK
သပွတ်အူဆပ်ပြာနဲ့ ဟိုကြားဒီကြား အကုန်တိုက်။ အယားပြေတယ်၊ ဆဲလ်သေတွေဖယ်ရှားပြီးသားဖြစ်တယ်၊ ဓါတုလျော့မို့ သုံးရတာ ဆေ့စ်ဖြစ်တယ်။
တကယ်ပါ၊ သုံးကြည့်ပါ။ ဟိုနားမဲ ဒီနားမဲတွေ ယူပစ်သလို သက်သာသွားပါတယ်။
အသားနုသူတွေသုံးရင် နာမှာစိုးလို့ သုံးပုံသုံးနည်းလေးပြောပြမယ်နော်။
👉ဆပ်ပြာစသုံးစဆို သပွတ်အူဖတ်တွေက မာနေတုန်းမို့ ခြေဖနောင့်တွေ ဒူးနေရာတွေကိုပဲ ပွတ်တိုက်ပေးနော်။ ခန္ဓာကိုယ်ကအပူတွေထွက်ပြီး သိသိသာသာ ပေါ့ပါးသွားလိမ့်မယ်။
👉နောက်ရက်နည်းနည်းကြာလို့ သပွတ်အူပျော့သွားရင်တော့ ဂျိုင်းကြားတွေ ဟိုကြား ဒီကြား🤭🫣 တွေတိုက်၊ လုံးဝချေးပြောင်သွားပြီး သုံးတာရက်ကြာရင် သိသိသာသာ ချောမွတ်လာလိမ့်မယ်။
သပွတ်အူလေးတော်တော်ပျော့လာတော့မှ ကျောဘက်တွေတိုက်နော်။ မဟုတ်ရင် နောက်ကျောမှာ အစင်းရာတွေဖြစ်ပြီး နာမှာစိုးလို့ ပြောပြတာပါရှင်။
သပွတ်အူမပျော့သေးခင်ဆို ဆပ်ပြာကို ခန္ဓာကိုယ်ပေါ် တိုက်ရိုက်မတိုက်ပဲ အမြုပ်ကို လက်နဲ့ယူပြီးသုံးနော်။
သပွတ်အူဆပ်ပြာ ရွေးချယ်စရာ ၄မျိုးရပါတယ်။
🤎 အပူကင်းစင်ပြီး ပေါ့ပါးလန်းဆန်းချင်ရင် ရွှေမန်ကျည်း ကိုရွေးနော်။
💚Anti oxidant Effect ရှိတယ်၊ လက်ဖက်စိမ်းနံ့သင်းသင်းလေးကြိုက်ရင် ရွှေလက်ဖက်ကို ရွေးနော်။
🖤 ရေချိုးလိုက်ရင် Scrub တိုက်ရသလိုပဲ၊ ချေးညှော်ကင်းစင်ပြီး လန်းလန်းဆန်းဆန်း ရှိချင်ရင် ရွှေကင်ပွန်း ကိုရွေးနော်။
🤍ရေချိုးရင်းနဲ့ အသားအရေကို အာဟာရဖြည့်ချင်တယ်ဆို ဆန်သပွတ်အူ ကို ရွေးနော်။