ဒီဓာတ်မီးရဲ့ အဓိက အားသာချက်ကတော့ မတူညီတဲ့ အလင်းရောင် (၃) မျိုး ပါဝင်ပြီး ခလုတ်တစ်ခုတည်းနဲ့ အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်တာ ဖြစ်ပါတယ် -
-
အဖြူရောင်အလင်း (White Light): အလင်းအား ကောင်းမွန်ပြီး ကျောက်ရဲ့ အတွင်းပိုင်း အကြောအဆာ၊ အက်ကြောင်းများနှင့် အသားတန်း (Texture) ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အသုံးပြုသည်။
-
အဝါရောင်အလင်း (Yellow Light): အလင်းဖောက်ထွင်းနိုင်စွမ်း (Penetration) အကောင်းဆုံးဖြစ်ပြီး၊ ကျောက်စိမ်း (Jade) များကို စစ်ဆေးရာတွင် ကျောက်ရဲ့ သဘာဝအရောင်အစစ်နှင့် အလင်းပေါက်အား (Transparency) ကို အတိအကျ သိရှိနိုင်ရန် အသုံးပြုသည်။
-
ခရမ်းလွန်ရောင်ခြည်အလင်း (365nm UV Light): ရတနာများ၊ ကျောက်စိမ်းများတွင် ဆေးဆိုးထားခြင်း ရှိ/မရှိ၊ ဖယောင်းတိုက်ပြီး ပြုပြင်ထားခြင်း ရှိ/မရှိနှင့် ဓာတုဗေဒအတုအယောင် (Fluorescence) များ ပါဝင်မှုကို ခွဲခြားစစ်ဆေးရန် အသုံးပြုသည်။