Stevia Duo Kit
10,270 MMK
7,900 MMK
ဘယ်သွားသွား အလွယ်တကူ သယ်သွားလို့ရတဲ့ CELLSPIRIT ရဲ့ Stevia+ Balancing Toner နဲ့ Moisture Lotion (Duo Kit) လေး အကြောင်း Review ပြောပြပေးမယ်နော် 🤩
ကိုယ်ကလေ Toner နဲ့ Lotion ရွေးချယ်မယ်ဆိုရင်
- မျက်နှာပေါ်တင်လိုက်တဲ့အခါ အေးမြမှုကို ခံစားရမယ်
-စေးကပ်ကပ်လည်းမရှိရဘူး
- အသားအရေကို စိုပြေ ချောမွေ့စေရမယ်
- အသားအရေကြည်လင်ပြီး Glow နေရမယ်
- Lotion ဆိုရင်လည်း လိမ်းပြီးတဲ့အချိန်မှာ အဆီပြန်သလို ခြောက်သွေ့သလို ခံစားချက်မျိုး မရှိပဲနဲ့ အသားအရေ စိုစိုအိအိလေးဖြစ်စေမယ့် ပစ္စည်းလေးတွေပဲ ရွေးချယ်ဖြစ်တာပေါ့နော်
အဲ့ဒီအချက်တွေနဲ့ ကိုက်ညီမယ့် Skin Care လေး ကို ရှာကြည့်လိုက်တော့ CELLSPIRIT ရဲ့ Stevia+ Balancing Toner နဲ့ Moisture Lotion (Duo Kit) လေးကို တွေ့ပါလေရော 😊
လက်တွေ့ သုံးကြည့်လိုက်တာ သူကလေ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့အပြင် Antioxidant Effect လည်း ပါတယ် အသားအရေပျက်စီးခြင်းကနေလည်း ကာကွယ်ပေးသေးတယ် 😊💕
ဒါ့အပြင် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရောင် ညီညာစေတယ် အသားအရေ ကြည်လင်လှပစေတာမို့လို့ ဘယ်သွားသွား မပါမဖြစ် ကိုယ့်ရဲ့ အိတ်ဆောင် Skin Care လေးတွေ ဖြစ်နေပါပြီရှင် 🤗💖