Loading...

အကြည်တော်_အိုင်အိုဒင်းကိုကိုကြီး

Categories: Books and Media    Local Books   
4,500 MMK
4,050 MMK

ဆရာအကြည်တော်၏ စုံထောက် ဟာသ စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားပြီး မျက်နှာဖြူ အင်စပက်တာများကိုပင် အော်ဟစ် ငေါက်ငန်းတတ်သော စုံထောက်ကျော် အနှီး အိုင်အိုဒင်းကိုကိုကြီးသည် နောင်တစ်ချိန် နာမည်ကျော်ကြားလာ မည့် တပည့်လေး မောင်နှင်းနှင့်အတူ အမှုပေါင်းများစွာကို လိုက်ခဲ့ရာ ယခုစာအုပ်တွင် ဖော်ပြအပ်သော အမှုများ သည် အိုင်အိုဒင်းကိုကိုကြီးနှင့် မောင်နှင်းကလေးတို့ အိုနင်းခွက်နင်း ဖော်ထုတ်မိသော အမှုများပင် ဖြစ်ပေသည်။ အင်းစိန်စီအိုင်ဒီမှာ အင်စပက်တာများ ဖြစ်သော အိုင်ပီ‌ဗြောင်ငြင်း (နာမည်ရင်း အောင်မင်း_အမြဲတစေ ဗြောင်ငြင်းတတ်သူ)၊ ခြေဖဝါးမောင်မောင်ကြီး (ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးတတ်သူ) ၊ သံပြားအောင်မြင့် (ကြွေအန်ကစား၊ လက္ခဏာကြည့်ပြီး အမှုလိုက်သူ) တို့နှင့် ယှဉ်ပြိုင်၍ အမှုများကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်လေသည်။ အိုင်အိုဒင်းကိုကိုကြီးနှင့် ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင်၊ အိုင်အိုဒင်းကိုကိုကြီးနှင့် မာမွတ်မောင်မှန်မှန်မူ၊ အိုင်အိုဒင်းကိုကိုကြီးနှင့် ဖီလိုဆိုဖီမောင်ပါစီ၊ အိုင်အိုဒင်းကိုကိုကြီး နှင့် သောကြာကောင်းကောင်း စသော အမှုတွဲများကို စုံထောက်ဟာသဇာတ်လမ်းအဖြစ် ဆရာအကြည်တော်က တင်ဆက်ထားသော ယခုစာအုပ်လေးကို ဖတ်ရှုရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။