ကမ္ဘောဒီးယားနိုင်ငံတွင် ပိုပေါ့ခေါင်းဆောင်သော ခမာနီတို့ အုပ်စိုးစဉ်က ဖခင်ကိုယ်တိုင် အသက်ခံခဲ့ရပြီး မိသားစုနဲ့ ဝေးကွာ၍ ခက်ခဲကြမ်းတမ်းသော အဖြစ်အပျက်များကို ရင်ဆိုင်ခဲ့ရသော ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ဘဝဇာတ်ကြောင်းစာအုပ် ဖြစ်ပါသည်။ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုးလီကိုယ်တိုင် ရုပ်ရှင်ပြန်လည်ရိုက်ကူးပြသခဲ့သော ကမ္ဘာကျော် ဖြစ်ရပ်မှန်ဇာတ်လမ်း စာအုပ် ဖြစ်ပါသည်။