Loading...

အကြည်တော်_အို ... ဘာတဲ့

Categories: Books and Media    Local Books   
7,000 MMK
6,300 MMK

ဆရာအကြည်တော်၏ ဟာသ အချစ် အလွမ်း စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

တစ်ခါက ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နေကြတဲ့ မိုးသိင်္ဂီနဲ့ စိုးဒေဝါဆိုတဲ့ ကောင်မလေးနှစ်‌ယောက်က သစ်လွင်ဆိုတဲ့ ကောင်ချောလေးကို အပြိုင်ကြိုက်နေကြပြီးနောက် သစ်လွင်ကြောင့် သူတို့နှစ်ယောက်စလုံး အိုးနင်းခွက်နင်း ကမောက်ကမတွေ ဖြစ်ကြရသတဲ့။ ဒီလိုနဲ့ ကျောင်းကြီးပြီးတော့ သူတို့ကြိုက်တဲ့ သစ်လွင်က ရွှေပန်းငုံဆိုတဲ့ သူနောက် ပါသွားတော့ သူတို့နဲ့ မညားကြဘူးသတဲ့။ မိုးသိင်္ဂီက ကိုမင်းလူဆိုတဲ့ လူနဲ့ ရပြီး သား မိုးထက်မြင့် ဆိုတဲ့ သားလေးတစ်ယောက်ရခဲ့ပြီး စိုးဒေဝါကတော့ ကိုနီကိုရဲဆိုတဲ့သူနဲ့ ညားပြီး ရတဲ့ သားလေး ကိုလည်း မိုးသိင်္ဂီရဲ့ သားထက် နာမည်သာအောင် မိုးထက်ကျော်ဆိုပြီး ပေးခဲ့သတဲ့။ သူတို့သားတွေကလည်း ညီအစ်ကို အရင်းတွေလို ချစ်ခင်ကြတာပေါ့။ သူတို့ရဲ့ ယောကျ်ားတွေ ဆုံးပြီးနောက် မိုးထက်မြင့်က ကားစီးရင်း အကြွေမဖျက်နိုင်လို့ ကောင်မလေးတစ်ယောက်ရဲ့ ကားခပေးတာကို ပြန်ဆပ်ဖို့ ဆိုင်ပေါင်းစုံမှာ အကြွေဖြတ်ဖို့ ကြိုးစားရင်း ကမောက်ကမ ဖြစ်ရသတဲ့။ ထိုကောင်မလေးက သူတို့အမေတွေရဲ့ အချစ်တော်ကြီး ဦးသစ်လွင်ရဲ့ သမီးလေး သစ်သစ်မှန်း သိလိုက်ရတဲ့အခါမှာတော့ မိုးသိင်္ဂီကော စိုးဒေဝါပါ သူတို့ရဲ့ သားတွေနဲ့ရအောင် သစ်သစ်ကို အိမ်ခေါ်ထားတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ‘ဟော့ရှော့’ အမည်နဲ့ ရုပ်ရှင် ကားကြီး ထွက်ရှိထားပြီးဖြစ်တဲ့ ဆရာအကြည်တော်ရဲ့ ‘အို ... ဘာတဲ့’ စာအုပ်လေးမှာ ဖတ်ရှုလိုက်ကြရအောင် နော်။