Loading...

အကြည်တော်_အထုံ (ကျွန်တော်နှင့် မြို့ပြယဉ်ကျေးမှု)

Categories: Books and Media    Local Books   
4,000 MMK
ဆရာအကြည်တော်၏ အချစ် ဟာသ အလွမ်း စာအုပ်လေး




Download here!

Go to uabpay app to purchase the products.





Description

ဗေဒါတစ်ယောက် သူ့အဖေဦးဘိုနီကို စက်ဘီးဝယ်ပေးဖို့ ပူဆာတဲ့အခါ ဘာထူးချွန်လို့လဲဟု အငေါ့တူသဖြင့် အကြံရသွားပြီး ရွာသားတွေဆီက ဆုတွေကို ခိုးယူပြီး သူ့အဖေကို သွားပြတဲ့အခါ ရွာသားတွေ ရောက်လာပြီး ဖမ်းလို့ ပြေးရသတဲ့။ ကောက်ရိုးပုံထဲ သွားအိပ်နေတုန်း နွားက သူ့ပုဆိုးကို ယူသွားလို့ တုံးလုံးကြီးနဲ့ လိုက်ရပြန်သေးသတဲ့။ အိမ်တစ်အိမ်က ထဘီကို ယူပြီး ခနဝတ်ထားကာ ရွာမှာကျင်းပနေတဲ့ ပွဲတော်ထဲ ထဘီခြုံဝင်သွားလို့ သူခိုးအထင်ရပြန်သတဲ့။ ဘိုထိုင်အိမ်သာကြီး ပူဆာလွန်းလို့ သူ့အဖေက ကျေနပ်အောင် ဝယ်ပေးထားရပြန်သတဲ့။ သူ ချစ်နေရတဲ့ ပြာလဲ့ကို တွေ့ရဖို့ အသွား ဈေးသွားရန် ကြံနေတဲ့ ပြာလဲ့ကို တွေ့ပြီး မသိအောင် ကားနောက်ခန်း မှာ လိုက်ရင်း လမ်းမှာ စနောက်တဲ့အခါ ကားက သစ်ပင်နဲ့ တိုက်မိပြီး ပြာလဲ့တစ်ယောက် ဆေးရုံ ရောက်သွားခဲ့ရ သတဲ့။ ပြာလဲ့တစ်ယောက် ဆေးရုံတက်ရင်း ဆရာဝန်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားတဲ့အခါ ဗေဒါတစ်ယောက် ရင်တွေ ကွဲနေရတာပေါ့။ ပြာလဲ့တို့ မင်္ဂလာဆောင်မှာတော့ ဗေဒါတစ်ယောက် သူ့ရဲ့ ဘိုထိုင်အိမ်သာကြီးကို လက်ဖွဲ့ရင် အသုံးဝင်မှာပါလို့ တတွတ်တွတ် ရေရွတ်နေပုံကို ဆရာအကြည်တော်က ဟာသ‌နှော ရေးသားထားတဲ့ အထုံနှင့် မြို့ပြယဉ်ကျေးမှု စာအုပ်လေးမှာ ဖတ်ကြည့်ကြပါနော်။