“အသည်းကို ဘယ်လိုကွဲဖူးပါသလဲ”
ကမ္ဘာပေါ်မှာ အသည်းကွဲနည်းပေါင်း မြောက်မြားစွာ ရှိပေလိမ့်မည်။ ကိုယ့်ချစ်သူက (ကိုယ်ကချစ်ရသူ) မချစ်ဘူးလို့ ပြန်အဖြေပေးချိန်။ ကိုယ့်ချစ်သူက တခြားတစ်ယောက်နှင့် ချစ်သွားချိန်၊ ကိုယ့်ချစ်သူက နှလုံးရောဂါသည် မိဘစကားကို နားထောင်လိုက်ချိန်၊ ကိုယ့်ချစ်သူက အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကို ပစ်ပစ်ခါခါ နာကျည်းသွားချိန် စသည်ဖြင့် အသည်းကွဲစရာအကြောင်း မြောက်မြားစွာ ရှိပေလိမ့်မည်။
အသည်းကွဲတယ်ဆိုတာ …
မှန်ကြည့်တိုင်း မျက်နှာမှာ ပြန်မြင်ရတယ်။
သံခင်းတမန်ခင်းစကားနဲ့ ပြောရင်တော့
ရိုးရိုးလေးပါပဲ …
ဒါပေမဲ့ ရုတ်တရက်အထိမှန်ခံရအချိန်
ရင်ဘတ်မှာ မြင်းခွာရာတောင် ထင်တယ်။
အတတ်ပညာနဲ့ ပါရမီအားကိုးပြီး ပြောသွားတာလား။
(မသေချာပါဘူး)
သေချာအောင် တစ်ပင်ပဲ လဲပါတယ်။
မြေပြင်ပေါ်
အညှောင်နှစ်ခုက … စို့ … လို့ …
စူးလိုက်တာလည်း ပြောမနေနဲ့တော့ …
နေရောင်တောင် ပုလင်းခေါင်းမှာ
ခြေလှမ်းမှားနေတယ်။ ကြာပါပြီ …
နှစ်ယောက်ထဲ … အသည်းကွဲနေတာ …