Loading...

အကြည်တော်_ဘီလူး

Categories: Books and Media    Local Books   
6,500 MMK
5,850 MMK

ရုပ်ရှင်အဖြစ် အောင်မြင်မှုကြီးမားခဲ့သော စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

တခါက မြင်သာရွာမှာ လှဦးဆိုတဲ့ လူမိုက်ငပေါတစ်ကောင် ရှိတယ်။ သူ့ကို တစ်ရွာလုံးက ကလေးကအစ ခွေးကအဆုံး အနိုင်ကျင့်ခဲ့ကြတာပေါ့။ တစ်နေ့ ငပိန်ဆိုတဲ့ သူခိုးထောင်ထွက်နဲ့ ပေါင်းမိပြီး အာဠဝကဆေးမင် ထိုးရာကနေ လှဦးအမည်ပျောက်ပြီး ဘီလူးအမည် တွင်ခဲ့သတဲ့။ သူများတွေက ကြမ်းပေ့ဆိုးပေ့ အာဠဝကဆေးမင် ဖြစ်ပေမဲ့ လှဦးခမျာမှာတော့ ငပိန်ရဲ့ နွဲ့တဲ့တဲ့ဘီလူးရုပ်ကြောင့် အားလုံးက ဟာသနှောရတဲ့အထိအောင်ပေါ့။ တစ်နေ့ သူကြိုက်နေတဲ့ သူကြီးသမီးခင်မှုံကို မင်္ဂလာဆောင်ပေးလို့ မင်္ဂလာပွဲကို ပျားနဲ့ ဖျက်တဲ့အထိ ဘီလူးက လုပ်ခဲ့တယ်။ တစ်ခါကလည်း သူ့အရက်ဖိုးကို တောင်းတဲ့ သူ့သူငယ်ချင်းငပဲ့ကို သူ့ဘိုးဘေးပိုင်ခဲ့တဲ့ အတုလွတ် ရန်ရှင်းဓားနဲ့ အကြွေးဆပ်ခဲ့ပြန်တယ်။ သူဆပ်ပုံက ဓားကြီးဝင့်ပြီး ငပဲ့ဆီသွားကာ ဓားရာဇဝင်တွေအကြောင်း ပြောပြီးနောက် အရက်ကြွေး ၃၅ ကျပ်အတွက် ဓားကို ပေါင်ခဲ့သတဲ့။ ခင်မှုံက သူတို့သားအဖသုံးယောက် လှဦးကို စိုက်ကြည့်မိရင် လက်ထပ်မယ်ပြောလို့ အိမ်ထဲဝင်ပြီး သူခိုးလို့အော်ကာ စိုက်ကြည့်အောင် လုပ်ခဲ့လို့ ထိပ်တုံးနဲ့ လည်း ညားခဲ့ရသလို လှဦးရဲ့ စာတစ်စောင်ကြောင့်လည်း တောသူဌေးဦးချက်ဖောင်း၊ မုဆိုးမဒေါ်မှုံနဲ့ သူကြီးတို့ ကြား ဗျာများခဲ့ရသေးသတဲ့။ ဒါပေမဲ့ လှဦးက နိုင်ငံကို ကျွန်ပြုတဲ့ နယ်ချဲ့ကို တွန်းလှန်မယ်ဆိုကာ မောင်ကောင်း၊ ငပိန်၊ ကျွဲကြီးတို့နဲ့အတူ မြင်သာရွာက ထွက်သွားတာ ဘယ်ဆီရောက်မှန်းမသိ ရောက်နေခဲ့ပုံတွေကို ဆရာ အကြည်တော်၏ ဝတ္ထုအဖြစ်ကော သရုပ်ဆောင်ဗေလုဝ သရုပ်ဆောင်သည့် ရုပ်ရှင်အဖြစ်ပါ အကြီးအကျယ် အောင်မြင်ခဲ့ရသည့် ‘ဘီလူး’ စာအုပ်ကို ယခုအခါ ‘ရီတန်းအော့ဖ်ဘီလူး’ စာအုပ်နှင့် ပေါင်းပြီး ဒုတိယအကြိမ်အဖြစ် ထုတ်ဝေထားပါတယ်။