Loading...

အကြည်တော်_ချစ်လို့စတာ နာတယ်

Categories: Books and Media    Local Books   
5,000 MMK
4,500 MMK

ဆရာအကြည်တော်၏ ဟာသ အချစ် အလွမ်း စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

လူငယ်ဆန်ဆန် တက္ကသိုလ်ကျောင်းသားဘဝတွင် ဖြစ်ပျက်ခဲ့သော သုံးပွင့်ဆိုင် အချစ်၊ အလွမ်း၊ အဆွေးကို ဟာသနှောထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ လင်းထိုက်၊ ဇေမောင်၊ မြတ်မြတ်သစ်၊ မြမောင် ... စသော သူငယ်ချင်းတို့တစ်စုထဲတွင် လင်းထိုက် အလွန်အစအနောက် သန်ပြီး ပျော်ပျော်နေတတ်သော လူငယ်တစ်ဦး ဖြစ်ပြီး သူငယ်ချင်းများကို လှည့်ပတ်ပြီး အချင်းချင်း အောင်သွယ်တော်လုပ်ပေးရာမှာလည်း အလွန်တော်သည်။ တစ်နေ့တွင် ဇေမောင်သည် မြတ်မြတ်သစ်ကို စိတ်ဝင်စားသဖြင့် လင်းထိုက်ကို ရည်းစားစာ ရေးခိုင်းသည်။ နောက်ပိုင်းတွင် ဇေမောင်နှင့် မြတ်မြတ်သစ်တို့ ချစ်ကြိုက်သွားကြသည်။ လင်းထိုက်နှင့် မြတ်မြတ်သစ်တို့ဟာ တစ်ရွာတည်းသားတွေဖြစ်ပြီး လူကြီး မိဘ အသိုင်းအဝိုင်းက ငယ်ငယ်ကတည်းက စေ့စပ်ပေးထားသော သူများလည်း ဖြစ်သည်။ လင်းထိုက်က သူမအပေါ် ငယ်ငယ်ကတည်းက အနိုင်ကျင့် ဗိုလ်ကျခဲ့သည်ကို စိတ်နာပြီး လင်းထိုက်ကို သူမနှင့် စေ့စပ်ထားမှန်း သိသိချင်း သူမနှင့် ဇေမောင်ကို အောင်သွယ်ပေးသည်ကို အရွဲ့တိုက်၍ ချစ်သူအဖြစ် တွဲပြခဲ့သည်။ ဒါကြောင့် လင်းထိုက်က အသည်းကွဲပြီး အရက်အလွန်အကျွံသောက်ပြီး မြတ်မြတ်သစ်ကို သွားပြောသောအခါ ဇေမောင်ကို ဘာကြောင့် အတည်အကျ တွဲတာလဲဟု မေးပြီး သူက သူမကို ချစ်လို့စတာ စပြီး ဇေမောင်နှင့် တစ်ရက်တာ တွဲဖို့ပဲ ပြောတာပါဟု ပြောဆိုပြီး ထွက်သွားခဲ့သည်။ တစ်နေ့မှာတော့ လင်းထိုက်နှင့်အတူ သူငယ်ချင်းသုံးယောက်လုံး အဖြစ်ဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ရပြီး ဆေးရုံ ရောက်သွားလေ သည်။ ဒီတော့ သူငယ်ချင်းသုံးယောက်လုံး နေကောင်းပြန်ကျန်းမာလားမလား .... လင်းထိုက်နှင့် ဇေမောင်ထဲမှ မည်သူက မြတ်မြတ်သစ်နှင့် ပေါင်းဆုံသွားမလဲဆိုတာ အကြည်တော်ရဲ့ ချစ်လို့စတာ ... နာတယ် စာအုပ်လေးကို ဆက်ဖတ်ပေးကြပါနော်။