Loading...

အကြည်တော်_ချူဆီ

Categories: Books and Media    Local Books   
4,000 MMK
3,600 MMK

ဆရာအကြည်တော်၏ ဟာသ အချစ် အလွမ်း စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

 အမျိုးသမီးများ အကြမ်းဖက် သိမ်းပိုက်ခြင်း ပပျောက်ရေး ဆိုသော စာတမ်းကို ချိတ်ဆွဲထားသော မိန်းမပျိုတစ်ယောက် ... ကသစ်နီဆိုသည့် မိန်းမပျိုလေးက သူ၏သူငယ်ချင်း မြူနှင်းနှင့် စေ့စပ်ထားသော မြူနှင်းအဖေ၏ စီးပွားဘက် တစ်ယောက်၏သား ဆန်းထူးဆိုသူကို မကျေနပ်၍ ဆန္ဒပြရာမှ ဆန်းထူးတစ်ယောက် ဘေးလူများ၏ ပညာပေးခြင်းကို ခံလိုက်ရသည်။ ဆန်းထူးတစ်ယောက် သူငယ်ချင်းအောင်ထွန်းကို အကူအညီတောင်းကြည့်ရာမှ ရုပ်ရှင်လူကြမ်းများကို ငှားပြီး ကသစ်နီကို ပညာပေးရန် ပြင်သောအခါ ကသစ်နီ၏ ဉာဏ်များမှုများကြောင့် ကမောက်ကမဖြစ်ခဲ့ရသလို ကသစ်နီကို စကားပြောဆိုရန် ခေါ်ချိန်တွင် ကသစ်နီ၏ ဉာဏ်ဆင်မှုကြောင့် ဆန်းထူးတစ်ယောက် တရားရုံးရောက်ရှိခဲ့ရပြီးနောက် တွေ့ဖန်များ၍ ကသစ်နီနှင့် ဖူးစာပါကာ ကသစ်ဆန်းဟုခေါ်သော သမီးလေးတစ်ယောက်ပင် ရရှိခဲ့ပုံကို ဟာသ အချစ် ဝတ္ထုဇာတ်လမ်းအဖြစ် ပြောင်မြောက်အောင် သရုပ်ဖော် ရေးသားထားသော ဆရာအကြည်တော်၏ စာအုပ်ကလေး ဖြစ်ပါသည်။