Loading...

အကြည်တော်_ကလေးလက်ရေး

Categories: Books and Media    Local Books   
4,000 MMK
3,600 MMK

ဆရာအကြည်တော်၏ ဘဝ ဟာသ စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

ကိုကြည်တစ်ယောက် သူနှင့် လိုက်ဖက်မည့် ဆိုင်ကယ်ကို ရွေးယူရင်း ထူးခြားလှသည့် ယခုဆိုက်ကယ်ကို ကြည့်ရင်း ကြိုက်သွားခဲ့သည်။ ဆိုင်ကယ်ရောင်းသူက ကိုယ့်ဆရာရုပ်နဲ့ဆို စီးနေကျ စူပါကပ်တွေနဲ့ မလိုက်ဘူး ဒီဆိုင်ကယ်မျိုးနဲ့မှ လိုက်တယ်ဟူသည့် မြှောက်လုံးကြောင့် သဘောအကျကြီး ကျနေခဲ့သည်။ ဆိုင်ကယ်ပေါ် တက်ခွလိုက်ရာ ဆိုင်ကယ်က ရှိတော့ရှိနေသည်၊ သို့သော် ဒူးအထက်ပိုင်းမှာ လဟာပြင်ကြီး ဖြစ်နေသည်။ ဆိုင်ကယ်က ပြားပြားတောင့်တောင့် ထည်ထည်လုပ်ထား၍ ကြည့်ရသည်မှာ ကြီးသည်ထင်ရသလောက် အရပ်ရှည်လွန်းသော ကိုကြည့်အတွက် ဒူးလောက်သာ ရှိသည့် ဆိုက်ကယ်လေးပင်။ ပုံပြောင်းစိုးဝင်ဆီ ရောက်ပြီး ပြောင်းလဲသွားပုံကလည်း ကလပ်ဆွဲပြီး မမီမကမ်းနှင့် ဂီယာလှမ်းထိုးရသည်။ ပြီးမှ လီဗာဆွဲရသည်။ ဂီယာချိန်း ရန်အတွက်လည်း ဖင်ကြွရပြီး တစ်ခုခုကို ကျော်ချင်လျှင် ဖင်ကို ဘယ်ရွေ့ ကလပ်ဆွဲဂီယာချိန်း၊ ဖင်ကို ညာရွေ့ လီဗာဆွဲရပြန်သည်။ ဆိုင်ကယ်ကြီးကို ဝမ်းလျားမှောက်၍ စီးနေရသော ကိုကြည်အဖြစ်က အများသူငါ ရယ်ချင်စရာပေ။ ဒါက ကိုကြည်၏ ဆိုင်ကယ်ဖြစ်အင်။ ကိုစျာန်၏ ရပ်ကွက်အတွင်း ရေရောင်းသူ ဦးမောင်မြင့်ကို ပညာပေးပုံကလည်း တစ်မျိုးပင်။ ဦးမောင်မြင့်က ရပ်ကွက်ထဲ ရေရောင်းပြီး နည်းနည်းမူးလာလျှင် အလှူခံ လော်စပီကာဆီလာ ‘စပယ်နဲ့ လေးရုံ တစ်ရုံကျန်ပါသေးသကွယ့်’ ကစ၍ ၁၅ ပြားလှူပြီး စကားအများကြီး ကြွားတတ်ပုံ၊ တစ်နေ့ ပိုက်ဆံမပျောက်ကြဘဲ ရှစ်ဆယ့်နှစ်ကျပ်နဲ့ ပြားနှစ်ဆယ်ကို သူ လှူဒါန်းတဲ့အတွက် ကောက်ရ‌ကြောင်း သူ့ပိုက်ဆံကို အိမ်ပြန်ယူ၍ ကြွားလေသောအခါ ကိုစျာန်က အမြင်ကတ်၍ တစ်ရွာလုံးကို ထိုပမာဏအတိုင်း ရွက်ရေနှင့်တကွ တောင်းခိုင်းလေရာ ကိုမောင်မြင့်ကြီးတစ်ယောက် သူ့ပိုက်ဆံနှင့်သူ ဒုက္ခ များရပုံကို ဟာသနှော၍ ရေးသားထားသော ဆရာအကြည်တော်၏ ကလေးလက်ရေးစာအုပ်လေးကို ဖတ်ရှု ကြည့်လိုက်ကြရအောင်နော်။