သေခဲ့ပြီးသူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ။ ဆေးရုံဆေးခန်းကို အမေဖြစ်သူကြောင့် မကြားချင်သည့် ဇာနည်တစ်ယောက် အရက်မူးရင်း သူငယ်ချင်းနှင့်အတူ သူများကားနောက်တွင် သေးပေါက်မိရာမှ ကားဘက်ဆုတ်ရင်း တိုက်မိပြီး အထူးကုဆေးခန်းသို့အရောက် ဆရာဝန်မလေး နေရီမွန်ကို တွေ့ပြီးသကာလ မည်သူကိုမဆို ဆေးခန်းသွားပြရန် အကျိုးဆောင်လေတော့သည်။ သူ အကျိုးဆောင်ပုံမှာလည်း ‘ဖျားရဲ ဖျားကြည့်စမ်း။ ဇာနည်ရှိသည်။ ကိုယ်အပူချိန်တစ်ရာကျော်သည်နှင့် အမြန်ဆုံးအကြောင်းကြားလိုက်ပါ စရိတ်ငြိမ်း ဆေးခန်းပို့ဆေးကုပေးမည်’ စသည်ဖြင့် ဓာတ်တိုင်များတွင် စာကပ်ကြော်ငြာသည်အထိ ပြုလုပ်ခဲ့သည်။ မည်သူမှ မလိုက်သောအခါ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်မည်ကြံလိုက်ရာ အသက်သေဆုံးသည်အထိ ကြံစည်မိပြီးနောက် သူချစ်သော ဆရာမလေး၏ သားအဖြစ် ပြန်လည်ဝင်စားခဲ့ပုံကို အချစ် ဟာသ အလွမ်းတို့ဖြင့် ဆရာအကြည်တော် ပုံဖော်ထားသော စာအုပ်ဖြစ်သည်။