Loading...

အကြည်တော်_ကဝေပျို၏နိဒါန်း

Categories: Books and Media    Local Books   
4,000 MMK
ဆရာအကြည်တော်၏ အချစ် ဟာသ အလွမ်း စာအုပ်လေး




Download here!

Go to uabpay app to purchase the products.





Description

''အလွမ်းနာကျမှုတွေက ခပ်စိပ်စိပ်ပါပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် မသုံးသပ်နိုင်ခင် ရုတ်ခြည်း ဖုံးလွှမ်းခဲ့ပေါ့။ ချစ်ခြင်းတရားဆိုတာ အငွေ့ပျံထွက်လုမတတ် လောင်ကျွမ်းခဲ့ပြီးနောက် မမျှော်မှန်းခဲ့တဲ့ သမားရိုးကျ စီးဆင်းခဲ့တဲ့ အလွမ်းတွေနဲ့ ကျွန်တော့်ကို မျက်ရည်ကျစေခဲ့ပြီပေါ့။ သိမ်ငယ်နေတဲ့စိတ်တွေဟာ ဇာတ်ရဲ့အစမှာပဲ မင်းသားဖြစ်ခဲ့ပြီ မြင့်စန်းရီ။ အရာရာကိုသာ အစကပြန်စလို့ရရင်တောင် အဲဒီအစဟာ ငါ့တစ်ယောက်တည်းအတွက် ဇာတ်သိမ်းခန်းပေါ့'' ဆရာအကြည်တော်ရဲ့ ရုပ်ရှင်၊ ဗီဒီယိုလောကမှာ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ကြားခဲ့သော 'ကဝေပျို၏နိဒါန်း' ဇာတ်ကားကို စတုတ္ထအကြိမ်မြောက် ပြန်လည်ထွက်ရှိလာသော စာအုပ်။ စောကြည်ဖြူတို့ တက္ကသိုလ်တက်စဉ်တွင် သူငယ်ချင်းတစ်စုထဲမှ ကြိတ်ပိုးချစ်ခဲ့ရသော ချစ်သူ မြင့်စန်းရီ ... မြင့်စန်းရီကလည်း စောကြည်ဖြူအပေါ် မေတ္တာသက်ဝင်ခဲ့သည် ... တစ်နေ့ ချစ်သူနဲ့ စောကြည်ဖြူ ချိန်းတွေ့သည့်နေ့တွင် ချစ်သူမြင့်စန်းရီ လာရောက်ခေါ်တာကို ဝမ်းသာလုံးဆို့ပြီး အိမ်နေဝင်း ကတောင်းကျိုက်နှင့် ပြေးထွက်လာပြီး ကားပေါ်ရောက်မှ လူအများ၏ ဝိုင်းရယ်ခြင်းကို ခံခဲ့ရပြန်လေသည်။ ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့သည့်နေ့တွင် ထိုသို့ အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် စောကြည်ဖြူရှက်ပြီး ကျောင်းမတက်တာ တစ်ပတ်ကျော်လာသည့်အတွက် ချစ်သူ မြင့်စန်းရီနှင့် မာမာတို့ အိမ်ကို လာရောက်တွေ့ဆုံပြီး ဒုတိယအကြိမ် နောက်ထပ်ချိန်းတွေ့ဖို့ ချစ်သူ မှာသွားခဲ့ သည်။ စောကြည်ဖြူ ချစ်သူနဲ့နောက်ထပ်တစ်ကြိမ်တွေ့ဖို့ စိတ်လှုပ်ရှားနေပြန်သည်။ သို့ပါသော်လည်း ဒုတိယအကြိမ် ချိန်းဆိုမှုတွင်တော့ စောကြည်ဖြူအတွက် ကံမကောင်းပါချေ။ ချစ်သူ မြင့်စန်းရီက သူ၏ စေ့စပ်ထားသော သတိုးသားလောင်းနှင့် မိတ်ဆက်ပေးဖို့ ချိန်းဆိုခြင်းသာ ဖြစ်လေတော့သည်။