ယခုစာအုပ်လေးကတော့ ဆရာအကြည်တော်ရဲ့ ကြိုက်ခြင်း မကြိုက်ခြင်း စစ်တမ်းလေးကို ဖြည်ပေးရမယ့် စာအုပ်လေးပဲ ဖြစ်ပြီး ကိုယ်ထင်မြင်တာတွေလည်း ရေးနိုင်ပါတယ်နော်။ ဥပမာ ၁ - ရိုးရိုးလေးပဲ ပြောပြမယ်။ မိန်းမတွေ ဘယ်လိုစိတ် ရှိတယ် ပြောနေတာ မဟုတ်ပါဘူး။ ယောကျ်ားတွေ မိန်းမတွေအပေါ် ဘယ်လိုစိတ်ရှိလဲ ပြောပြနေခြင်း ဖြစ်ပါတယ်။ ဒီလိုရေးနိုင်ဖို့ ကျွန်တော့်ခမျာ ကြိုးစားလာခဲ့ရတာ မိန်းမပေါင်းစုံ ပစ်သွားသည်အထိ။ __Like or __Unlike. ဥပမာ ၂ - အသည်းခွဲခံလိုက်ရတဲ့မိန်းကလေးတွေက ယောကျ်ားတွေကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်။ ဒါပေမဲ့ မကြာပါဘူး တစ်ယောက်ယောက်များ အသက်ရှင်ကျန်ဦးမလားဆိုပြီး ပြန်ရှာကြပြန်ရော။ __Like or __Unlike.