Loading...

အကြည်တော်_လုပ်ချင်တာ လုပ်ခွင့်ရှိသော တိုင်းပြည်

Categories: Books and Media    Local Books   
4,000 MMK
3,600 MMK

ဆရာအကြည်တော်၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သော အကြောင်းအရာများကို သရော်ထားသော စာအုပ်





Download here!

Go to uabpay app to purchase the products.





Description

ဤစာအုပ်သည် သာမန်ရေးနေကျလို စာအုပ်မျိုးမဟုတ်ဘဲ ပုံပြင်စာစုလေးသာ ဖြစ်ပါတယ်။

ထိုတိုင်းပြည်သည် လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည်ဖြစ်သည်။

-          ထိုတိုင်းပြည်တွင်ရှိသော သူများသည် ကိုယ် လုပ်ချင်သည်များကို လွတ်လပ်စွာ လုပ်ခွင့်ရှိကြသည်။

-          ဆန္ဒပြချင်သူက ဆန္ဒပြခွင့် ရှိသည်။ ဖမ်းချင်သူက ဖမ်းချင်သလို ဖမ်းခွင့်ရှိသည်။

-          ကျူးကျော်သူက ကျူးကျော်ချင်သလို ကျူးကျော်ခွင့်ရှိသည်။ မြေသိမ်းချင်သူက သိမ်းချင်သလို သိမ်းခွင့် ရှိသည်။

-          သစ်ပင်စိုက်သူက စိုက်ချင်သလို စိုက်ခွင့်ရှိသည်။ သစ်ပင်ခုတ်သူက သစ်တောပြုန်းတီးသည်အထိ ခုတ်ခွင့် ရှိသည်။

-          ငတ်သေသူများ ငတ်သေခွင့်ရှိသလို၊ ချမ်းသာသူများ စိတ်ကြိုက်ချမ်းသာခွင့် ရှိသည်။

-          တော်လှန်ချင်သူက လက်နှင့်တော်လှန်ခွင့်ရှိသလို သေနတ်ရှိသူများကလည်း ရှိသောသေနတ်နှင့် စိတ်ကြိုက်ပစ်ခွင့် ရှိသည်။

-          ကိုးကွယ်ချင်သူက ကိုးကွယ်ချင်ရာ ကိုးကွယ်ခွင့်ရှိသလို အယူသီးသူများကလည်း အစွန်းရောက် အယူသီးခွင့်ရှိသည်။

-          ပြောချင်သူက ပြောချင်တာပြောခွင့်ရှိပြီး လုပ်ချင်သူက လုပ်ချင်သလို လုပ်ပိုင်ခွင့်ရှိသည်။

-          ခရီးသည်များ ခရီးသွားခွင့်ရှိပြီး မော်တော်ကားများလည်း မှောက်ချင်သလို မှောက်ခွင့်ရှိသည်။

-          တရားစွဲဆိုခံသူများက တရားစွဲဆိုခံရပြီး တရားစွဲသူများက စိတ်ကြိုက်ပုဒ်မတပ် တရားစွဲခွင့်ရှိသည်။

-          ဟုတ်တာလုပ်ပြီး စိတ်ညစ်ခွင့်ရှိသလို မဟုတ်တာ လုပ်နေသူများလည်း ပျော်ရွှင်ခွင့်ရှိသည်။

ထိုတိုင်းပြည်သည် စိတ်ညစ်သူများ စိတ်ညစ်ခွင့်ရှိပြီး ပျော်ရွှင်သူများ အတိုင်းမသိ ပျော်ရွှင်နိုင်သောတိုင်းပြည် ဖြစ်သည်။ ထို့ကြောင့် ထိုတိုင်းပြည်သည် လုပ်ချင်ရာလုပ်ခွင့်ရသော တိုင်းပြည် ဖြစ်သည်။ သင် ပျော်ရွှင်က ပျော်ရွှင်နိုင်ပြီး ဝမ်းနည်းလိုပါကလည်း ဝမ်းနည်းခွင့် ရှိပါသည်။

ယခုစာအုပ်ထဲမှ ပုံပြင်လေးထဲကမှ တစ်ခုကို ပြောပြချင်ပါတယ်။

တစ်ခါ၌ ဘုရင်အား ကမ္ဘာလုံးဆိုင်ရာ ဘုရင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရပြီး ထိုပွဲတွင် တိုင်းပြည်အပေါင်းမှ မင်းတစ်ရာ့တစ်ပါးတို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ သို့ပေဆိုသော်လည်း ဘုရင်ဟာ ထိုသူတို့ ပြောကြဆိုကြမည့် ဘာသာစကားကို နားမလည်သောကြောင့် အခက်တွေ့နေလေရဲ့။

ဝန်ကြီးများကို အကူအညီ သွားသင့် မသွားသင့် အကူအညီတောင်းသောအခါမှာတော့ ဝန်ကြီးများ၏ တစ်ယောက် တစ်ပေါက် အကြံပေးမှုတွေကြောင့် တက်ရောက်ဖြစ်ခဲ့တာပေါ့။

ထိုထဲကမှ ဝန်ကြီးတစ်ပါး၏ မြှောက်ပေးမှုကြောင့် “တစ်ကမ္ဘာလုံးမှာရှိတဲ့ အပွင့်တွေ၊ အခက်တွေ၊ ရာထူးတွေ တင်သွားရင် လူတိုင်းက ဘုရင်ကြီးကို တစ်ကမ္ဘာလုံးမှာ ရာထူးအကြီးဆုံး ဘုရင်ဆိုပြီး တခမ်းတနားနဲ့ ကြိုဆိုပြီး ထိုင်ကန်တော့ကြမှာတောင် မြင်ယောင်သေးလို့” မြှောက်ပေးသောကြောင့် ဘုရင်လည်း ဝန်ကြီးများတွေရဲ့ စကားတွေအတိုင်း ပွဲတော်ကို အပွင့်၊ အခက်၊ ရာထူးများစွာပါသော အဝတ်အစားတွေကို ဝတ်ပြီး ဝင်သွားလေရာ အစောင့်တံခါးမှူးက ဟားတိုက်ပြီး လှောင်ပြောင်ပြီး ပေးမဝင်သောကြာင့် ဒီအတိုင်းပဲ ပြန်လာခဲ့ရသော ပုံပြင်လေး ဖြစ်ပါသည်။ ဆရာအကြည်တော်၏ လက်ရာဖြစ်ပြီး ယနေ့ခေတ်နှင့် ကိုက်ညီသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။