မောင်ကြည်တစ်ယောက် ဂေါမစွံဖြစ်ပြီး ချိန်လိုက်တိုင်း ပါသွားလို့ ချိန်ပါကြီး ဖြစ်နေတာပေါ့။ တစ်ခါမှာတော့ ဖြူဖြူအောင်ဆိုတဲ့ ကောင်မလေးကို အလုပ်သွားတဲ့အချိန် ကားပေါ်မှာ လိုက်ကြူဖို့ ခုံဦးပြီး ကြံစည်သတဲ့။ ဘယ်သူ ကိုမှ ဖယ်မပေးဘဲ ထိုင်ခုံကို ဖြဲကားပြီး ထိုင်နေတုန်း ကောင်မလေး တက်လာတော့ ကြောင်တောင်တောင် မျက်နှာဘေးနဲ့ နေရာပေးတာကို ကောင်မလေးလည်း အောင့်သီးအောင့်သက်နဲ့ ထိုင်လိုက်ရတယ်။ ထိုစဉ် ကားနဲ့ ဘေးချင်းယှဉ်လျက် ပြိုင်ဘီးဖြင့် လိုက်လာတဲ့ ကောင်မလေးကို ငန်းနေတဲ့ နောက်ဘဲတစ်ယောက်ကို မြင်လိုက်ရပြီး ဖြူဖြူအောင်ကလည်း ထိုငနဲသားကို အကြည်ဆိုက်နေသောအခါ မောင်ကြည်တစ်ယောက် ဒေါပွနေတာပေါ့။ လမ်းမှာ ချိုင့်ကြီးထဲကျပြီး ငနဲသား စက်ဘီးမြောက်တက်ပြီး ပုဆိုးလွတ်သွားသောအခါ ပေါ်လာ သော ဖင်တုံးလုံးကိုကြည့်ပြီး မောင်ကြည်တစ်ယောက် ဖင်ကဏ္ခာဖတ်လေရဲ့။ ငနဲသားရဲ့ မည်းမည်းဖင်မှာ တက်နေတဲ့ ဂျွတ်နှစ်ကွက်ကို ကြည့်ပြီး ဖဲသမားဖင်လို့ပြောပြီး မင်းသမီးဖင်၊ ဂျေးဖင် (ထောင်ထွက်ဖင်) စတဲ့ ဖင်ပေါင်းစုံအကြောင်း ပြောတော့ အနားက အဒေါ်ကြီးက သူ့ဖင်လည်း ကြည့်ပေးပါ ဆိုပြီး လှန်ပြမယ်လုပ်လို့ အိုးနင်းခွက်နင်း ဖြစ်ကြရလေပြီး ကောင်မလေးနဲ့လည်း လွဲသွားရပြန်သတဲ့။ ထို့နောက် အနှိပ်ခန်းမှ အမျိုးသမီးကို လည်း မူးမူးနဲ့ ရမ်းလို့ ဒုက္ခရောက်ပြန်ရသတဲ့။ ရွာကို ရောက်ပြန်တော့လည်း ကောင်မလေးနောက်လိုက်ရင်း ထွေလာဂျီသံတန်းနဲ့ ငြိပြီး ပုဆိုးပြဲသွားလို့ နီးရာ သင်းပိုင်ရှာပတ်ပြီး ဆရာတော့်ထံသွားဖူးတော့ ဆရာတော်က တစ်ခါတည်း ဘုန်းကြီးဝတ်ပေးလိုက်တဲ့ လူပျိုသိုးကြီး ကိုကြည်ရဲ့ ဖြစ်အင်တွေကို ဆရာအကြည်တော်က ဟာသနှောပြီး ရေးသားထားတာကို ရယ်မောရင်း ‘လူပျိုမှိုတက်’ စာအုပ်လေးကို ဖတ်ကြည့်လိုက်ရအောင်နော်။