Loading...

အကြည်တော်_လူဆိုး (ကျွန်တော့်ဘဝလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်)

Categories: Books and Media    Local Books   
6,000 MMK
5,400 MMK

ဆရာအကြည်တော်၏ အချစ် ဟာသ အလွမ်း စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

ကိုကြည်တို့ လူပျိုကြီးသူငယ်ချင်းတစ်စု မာဆတ်မှာ အနှိပ်ခံသွားရင် ရဲလိုက်ဖမ်းလို့ အကြိမ်ကြိမ်အခါခါလည်း ပြေးရပေမဲ့လို့ သူတို့ကတော့ အမှတ်မရှိဘဲ သွားမြဲသွားနေတာ‌ပေါ့။ တစ်နေ့ စာရေးဆရာကိုကြည် ရိုက်ရှင်ရိုက်ဖို့ ကန်တော့ပေးပြီးအပြန် သူ့ရဲ့ဇာတိဖြစ်တဲ့ရွာမှ ရွာဦးဘုန်းကြီးမှ ဖုန်းဆက်၍ ပြန်လာဖို့ ပြောလို့ ကိုကြည် နောက်နေ့မနက်တွင် ရွာသို့ အမြန်ပြန်သွားခဲ့တယ်။ ရွာရောက်တဲ့အခါမှာ ပြည်ပက ဒကာရင်းတစ်ယောက်က သူ့ကို ဦးဇင်း လိုရင်အသုံးပြုဖို့ ဝယ်ပေးလိုက်သော ပစ္စည်းကြောင့် ဦးဇင်းခမျာ မသာမယာဖြစ်ပြီး စိတ်သောက ရောက်နေရသတဲ့။ ရွာမှာရှိတဲ့ ဒကာ ဒကာမတွေဟာလည်း ထိုပစ္စည်းမှ ထွက်လာတဲ့ အသံကြောင့် အကြည်ညို ပျက်နေကြတယ်တဲ့။ ဒါကြောင့် ကိုကြည်လည်း ယူကြည့်လိုက်တဲ့အခါ ဖုန်းတစ်လုံးဖြစ်နေပြီး ဖုန်းမြည်သံမှာ ''ကိုကိုရေ ... ဖုန်းလာနေတယ် ... ဖုန်းကိုင်လိုက်ပါနော်။ စိတ်ဆိုးမှာနော် ... သွား ... လူဆိုး'' ဆိုပြီး ပတ်ချွဲနပ်ချွဲ မိန်းမသံကြီးနဲ့ မြည်နေတာကို တွေ့လိုက်ရသတဲ့။ ဦးဇင်းခမျာ လွှင့်လည်းမပစ်ရက်၊ ဖွက်ထားဖို့ကလည်း မဖြစ်၊ ထိုအသံကြောင့် တရားပင် အားမထုတ်နိုင်ဘဲ ချောင်ချောင်ကျလာလို့ ထိုပြဿနာကို ဖြေရှင်းပေးဖို့ ကိုကြည်ကို အမြန်ပြန်ခေါ်လိုက်ရတာပေါ့။ ကိုကြည်လည်း ဖုန်းကို ယူပြီး ဖုန်း Ring Tone ကို နောက်တစ်မျိုး ပြောင်းပေးလိုက်ရတာပေါ့။  နောက်နေ့ ဘုန်းကြီးကျောင်း၌ သံဃာအားလုံးစုံညီချိန် ဝါဆိုသင်္ကန်းကပ်ချိန်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကိုကြည် ပြောင်းပေးလိုက်တဲ့ ဖုန်းမြည်သံကတော့ ''ကိုကိုရေ ... ဖုန်းလာနေတယ် ... ကိုကို ... ဖုန်းလာနေတယ်ဆိုမှ ကိုကို ဖုန်းလည်း မကိုင်ဘူး။ လူဆိုး စိတ်ဆိုးလိုက်မှာနော်'' ဆိုတဲ့ အသံဖြစ်နေလို့ ဦးဇင်းခမျာ ဆွမ်းကို ဘုဉ်းမပေးနိုင်ဘဲ ဖုန်းကို ပိတ်ပစ်လိုက်ရပုံကို ဆရာအကြည်တော်က သူ့ဘဝအကြောင်းလေးနဲ့အတူ ဟာသနှောကာ ရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။