Loading...

အကြည်တော်_နတ်နေကိုင်း

Categories: Books and Media    Local Books   
6,500 MMK
5,850 MMK

ဆရာအကြည်တော်၏ အချစ် ဟာသ အလွမ်း စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

“မယ်လေး၊ သစ်ပင်တစ်ပင်လုံးကို ခုတ်ထွင်မယ်ဆိုရင် နတ်နေကိုင်းတော့ ထားပေးရတယ် ... ငါ့ရင်ထဲမှာ သစ်ပင်တစ်ပင်ရှိရင် ... ငါ့ နတ်နေကိုင်းဟာ နင်ပဲ ... ငါ နင့်ကို ချစ်တယ်။ အခုတော့ အဲဒီနတ်နေကိုင်းကို ငါကိုယ်တိုင် ခုတ်ထွင်လိုက်ပြီ ... ငါ့ရင်ထဲမှာ နင်မရှိတော့ဘူး”

မောင်ငယ်လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် မြို့မှာ ကျောင်းလာတက်တဲ့အခါ မြို့ရောက်ရောက်ချင်း အိမ်က ထည့်ပေးလိုက်တဲ့ ခြင်းတောင်း၊ ထန်းခေါက်ဖာ၊ ဖျာလိပ်တို့ကြောင့် ပစ္စည်းပျောက် ရဲအဖမ်းခံရပြီး အပျိုကြီး နှစ်ယောက်ရဲ့ အဆောင်သို့ ရောက်ခဲ့ရပုံ၊ ထိုအဆောင်တွင် စောကြည်ဖြူဟု ခေါ်သော ကျောင်းသား တစ်ယောက်နှင့် မတည့်အတူနေ ဖြစ်ရပုံ၊ မောင်ငယ်အပေါ် စောကြည်ဖြူ၏ စနောက်မှုကြောင့် မယ်လေးတို့ သူငယ်ချင်းတစ်စုနဲ့ ခင်မင်ရပုံ၊ မယ်လေးကို သံယောဇဉ်ရှိပြီး ချစ်နေမိတဲ့ မောင်ငယ်တစ်ယောက် ပျော်ပွဲစား ထွက်ရင်း မယ်လေးကို ကြိုက်နေတဲ့ မြင့်နိုင်ကြောင့် စောကြည်ဖြူနဲ့ မယ်လေးတို့က ချစ်သူတွေအဖြစ် ကြေညာ ပုံကို အဟုတ်ထင်ပြီး ရွာပြန်သွားကာ အရက်ကို ပြန်သောက်ရင်း သေဆုံးသွားခဲ့တဲ့ မောင်ငယ်ရဲ့ ကြေကွဲဖွယ် ဇာတ်လမ်းလေးကို ဟာသ အချစ် အလွမ်း တွေနဲ့ ဆရာအကြည်တော်က ရေးသားထားပြီး အတည်ပေါက်နဲ့ နောက်တဲ့လူအဖြစ် ရုပ်ရှင်ပါ ထွက်ရှိထားသော နတ်နေကိုင်း စာအုပ်လေးအား တတိယအကြိမ်အဖြစ် ထုတ်ဝေထားပါတယ်။