ငထွတ်တန်းတယ်ဆိုတာ ကြားဖူးလား အဓိပ္ပာယ်မသိ ဖြစ်နေလိမ့်မယ်။ အမှန်တော့ ဘာမှမဟုတ်ဘူးဗျ။ ငထန်းတွတ်တာကို ပြောတာ။ ငထန်းတွတ်တယ်ဆိုတာလည်း ဘာမှမဟုတ်ဘူး။ ထန်းရည်သောက်တာကို ပြောတာဗျ။ ကျွန်တော်တို့ငါးယောက် ဒီလိုနဲ့ ဆောင်းဦးတစ်နေ့ကျတော့ မနက် အစောကြီးထပြီး မွန်အဘိုးကြီး ဦးထောပိုင်ရဲ့ တစ်သက်လုံး ဘယ်သူ့ကိုမှ မရောင်းပါဘူးဆိုတဲ့ ထန်းရည်ကျည်တောက်ကြီးကို ခိုးပြီးသောက်ပစ်လိုက် ကြတယ်။ ဒီလိုနဲ့ ဦးထောပိုင် သိသွားပြီး နောက်နေ့ သောက်ရဲတဲ့ကောင် သောက်ကြည့်၊ ငါ့အဆိုး မဆိုနဲ့ဆိုပြီ ကျိန်းထားသည်။ နောက်နေ့ သူတို့အဖွဲ့ ဦးထောပိုင်ရဲ့ ထန်းတောထဲကို ထပ်သွားသောက် ကြပြန်သောအခါ ဦးထောပိုင်ရဲ့ ပညာပေးခြင်းကို ခံခဲ့ကြရလေပြီ။ ထိုထန်းရည်ကို သောက်ပြီး ခဏကြာမှာတော့ သူတို့ငါးယောက် ရူးကြောင် ကြောင်နဲ့ ဖုတ်ဘီလူးပူးသလိုမျိုး ပုံစံကို ခံစားခဲ့ရလေသည်။ ထိုရောဂါကို ကုသရန်အတွက် ပယောဂဆရာကို ခေါ်သော်လည်း ပယောဂဆရာက ဆေးကြိမ်လုံးနဲ့ ရိုက်ထုတ်ပြီး ထုတ်သော်လည်း ဖုတ်ဘီလူးက ခန္ဓာကိုယ်ထဲက ထွက်မသွားချေ။ ထိုစဉ်အတွင်းမှာ လမ်းသွားဘုန်းကြီးတစ်ပါးကို ထိုအကြောင်းကို ကြားသိပြီး သူတို့ရဲ့ အခြေအနေကို ကြည့်ပြီး ဖုတ်ဝင်နေတာမဟုတ်မှန်း တန်းသိသွားပြီး မွန်အဘိုးကြီး ဦးထောပိုင်ကောင်းမှုနဲ့ ပဒိုင်းသီးစားပြီး တစ်ရက် ရူးနှမ်းသွားရခြင်းသာ ဖြစ်တယ်။ တစ်နေ့ ရွာမှာ ဘုရားပွဲရှိလို့ ပြဇာတ်လုပ်ဖို့ရန်အတွက် လူစုကြတဲ့အခါမှာတော့ ပြဇာတ်ထဲမှာ ပါဝင်သူတွေကတော့ ပိုးမသေတဲ့ အဘိုးလေး တွေချည်းပဲ။ ပြဇာတ်မင်းသားမှာ ဦးဇော်ဝိတ်၊ သူက ဗလရှိသူမဟုတ်လား။ သူနဲ့ ပြိုင်ဖက်က ရွာလူမိုက် ဦးဆယ်ပြား။ ပြဇာတ်မင်းသမီးက ဦးဆယ်ပြား ကတော် ဒေါ်သန်းရီ။ ကျန်တဲ့ ဦးရေပြားတို့ အီးတီတို့က ဝိုးမယ်။ ခက်တာက သူတို့အဖွဲ့ထဲမှာ ဒေါ်မြတင်ကြီး ပါနေတာပဲ။ သူက ငွေအများဆုံးစိုက်ထားတော့ သူ့ကိုက မသုံးလို့မရဘူးလေ။ ဒေါ်မြတင်ဆိုတာကလည်း ပွဲကဖု့ိမပြောနဲ့။ မြို့ဇာတ်တွေ ရွာလာကရင်တောင်မှ ပွဲခင်းထဲ လူစည်လို့ဆိုပြီး အိပ်နေတတ်တဲ့ လူမျိုးပေါ့။ ဘာဗဟုသုတမှ မရှိတဲ့လူပေါ့။ ဒီတော့ ရွာဘုရားပွဲမှာ လုပ်တဲ့ ပြဇာတ်ဟာ တလွဲတချော်တွေနဲ့ ဗရုတ်သုတ်ခကျကျနဲ့ ဘယ်လိုအလွဲတွေနဲ့ ပြီးဆုံးသွားမလဲဆိုတာကို ဟာသအနှောလေးတွေနဲ့ စိတ်ပျော်ရွှင်စေဖို့ ဖတ်ကြည့်စေချင်ပါတယ်။