Loading...

အကြည်တော်_သံသရာ အကွေ့တစ်ရာ

Categories: Books and Media    Local Books   
3,500 MMK
3,150 MMK

ဆရာအကြည်တော်၏ ဟာသ အချစ် အလွမ်း စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

အကြည်တော်ရဲ့ အချစ်ဟာသ၊ အဆွေး ဇာတ်လမ်းတွေထဲကမှ ကျောင်းသားအချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

------နောက်ဆုံး ငါ မှာချင်တာကတော့ နင်နဲ့ငါ ဒီဘဝမှာ မဆုံတွေ့ခဲ့ရရင်တောင် ဒီသံသရာတစ်ကွေ့မှာ မဆုံတွေ့ခဲ့ရရင်တောင် နင့်ရဲ့ ချစ်ခြင်းမေတ္တာကို ရဖို့ ဘဝဆက်တိုင်း နင်တို့ မိသားစုရဲ့ မေတ္တာလမ်းကြားလေးမှာ ငါ စောင့်နေပါ့မယ်။ ယခုမှသည် နောင်သံသရာ အကွေ့တစ်ရာပေါ့။------- 

ကဗျာရေးတာကို ဝါသနာပါသူ ကျော်စွာနှင့် ယောကျ်ားဆန်ပြီး ဇာတ်လမ်းဇာတ်ညွှန်းရေးတာ ဝါသနာပါတဲ့ မေပျိုဖြူတို့နှစ်ယောက် ကျောင်းတွင် ကျောင်းသားများ စုပေါင်း၍ အမှတ်တရအနေနဲ့ စာအုပ်စုထုတ်ရန် တိုင်ပင် ကြရာမှ စတင်တွေ့ရှိခဲ့ကြပြီး စတွေ့တွေ့ချင်းမှာပင် ကျော်စွာနဲ့ မေပျိုဖြူသည် မတည့်အတူနေ ရန်ဖြစ်ဖက်များ ဖြစ်လာသည်။ တဖြည်းဖြည်း သုံးလပြည့်သည့်နေ့တွင် ကျော်စွာဟာ မေပျိုဖြူ စိတ်ဝင်စားလာပြီး ချစ်ခွင့် တောင်းရန် ကြိုးစားစဉ် တစ်နေ့မှာတော့ မေပျိုဖြူဟာ သူနှင့်လက်ထပ်ရန် စေ့စပ်ထားသော ယောကျ်ား တစ်ယောက်ရှိကြောင်း သုံးလအတွင်း သူ့အပေါ် အနွံတာခံပြီး သည်းခံပေးပြီး နားလည်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ပြောပြီး ထွက်သွားခဲ့သည်။ နောက်တစ်နေ့တွင် မေပျိုဖြူဟာ ကျော်စွာနှင့် သူ၏ စေ့စပ်ထားသူဖြစ်သော ကိုရဲဝင်းနှင့် တွေ့ဆုံမိတ်ဆက်ပေးခဲ့သည်။ မေပျိုဖြူဟာ ကျော်စွာနှင့် ကိုရဲဝင်းတို့ အေးအေးဆေးဆေး စကားပြောနိုင်ရန် အတွက် ခဏအပြင်ထွက်ရှောင်ပေးပြီး ပြန်အလာတွင် ကျော်စွာက မေပျိုဖြူအတွက် စာတစ်စောင်ပေးပြီး ထွက်သွားလေသည်။ နောက်တစ်နေ့တွင် မေပျိုဖြူနှင့် စေ့စပ် ကျောင်းလမ်းထားသူ ကိုရဲဝင်းက လာပြီး ကျော်စွာ ပေးထားသော စာလေးကို ပေးသောအခါ မေပျိုဖြူဖတ်အပြီး မေပျိုဖြူဟာ သူတို့နှစ်ဦး တွေ့နေကျ နေရာလေးဖြစ်သည့် မေတ္တာလမ်းကြားလေးသို့ ပြေးထွက်လာခဲ့တော့ပုံကို ဟာသနှောထားသော ကျောင်းသား အချစ်ဇာတ်လမ်းလေး ဖြစ်သည်။