Loading...

အကြည်တော်_ဝါရင့်အရောင်းထိုင်း

Categories: Books and Media    Local Books   
5,000 MMK
4,500 MMK

ဆရာအကြည်တော်၏ ဘ၀ ဟာသ စာအုပ်လေး





Download here!

Go to uabpay app to purchase the products.





Description

ပွဲစားလောကမှာ ဝကြီးပွဲစား ပွဲစားဝကြီးဆိုပြီး နာမည်တစ်လုံးနဲ့ နေခဲ့တဲ့ ဝကြီး၊ ဝယ်လက်ကို ဝယ်ချင်အောင် ပြောတတ်တဲ့အပြင် ရောင်းသူကိုလည်း ရောင်းဖြစ်အောင် ပြောတတ်တဲ့နေရာမှာ ဝကြီးက နိုးတူးပဲ။ ပစ္စည်းကတော့ သက်မဲ့ကုန်ပစ္စည်းတော့ မဟုတ်ဘူး။ သက်ရှိ။ အဲဒါကတော့ ... ဝကြီးခယ်မ သရဲဗလ။ ဝကြီး သူ့မိန်းမ သူဇာကို ယူလိုက်တော့ ဒီခယ်မက အဆစ်ကပ်ပါ လာတာ။ လွန်းဌေးဌေးက သူဇာရဲ့ညီမ။ ဖြစ်ပုံကို ကြည့်ပါဦး ... ရုပ်က ဆိုးလို့လား မဟုတ်ဘူး။ ရုပ်ဆိုးတဲ့အဆင့်ကို မဟုတ်ဘူး။ ကြောက်စရာကောင်းတာ။ ရုပ်ဆိုးတာက ကြည့်လို့ရသေးတယ်။ ကြောက်စရာကောင်းတာက ကြည့်လို့ကို မရဲဘူး။ ရပ်ကွက်ထဲကလူတွေက ပြောကြတယ်။ လွန်းဌေးဌေးရဲ့ပုံကို။ သရဲကို မီးဖုတ်ပြီး တုတ်ထိုးနေလှန်းထားတာကိုမှ ရေပြန်တောက် ထားတဲ့ သရဲငပိကောင်အတိုင်းပဲတဲ့။ မည်းမည်းပုပ်ပုပ် ပွပွရွရွကြီး။ ဒါကြောင့် တစ်ရပ်ကွက်လုံးက တညီတညာတည်း နာမည်ပေးထား ကြတယ်။ သရဲဗလလို့။ သရဲအသားကတော့ မည်းမည်းမွဲမွဲနဲ့ ရွဲရွဲတွဲတွဲကြီးမှာမှ ထုံထုံထိုင်း ထိုင်းနဲ့ စည်ပိုင်းလို ဗလရှိတဲ့ သရဲလေ၊ သရဲဗလ။ အသားလား မည်းတယ်၊ ရုပ်ရည်လား ဆိုးတယ်။ ဘော်ဒီလား အင်း ... ဆန်အိတ်ကမှ သူ့ထက် ကိုယ်လုံးလှလေး။ ပြောရရင် ကတ္တရာပုံးတစ်ပုံး လိုပဲ။ ဘယ်လောက်ထိလဲဆို စည်ပင်သာယာက လမ်းပြင်တဲ့ နားတောင် ပေးမသွားရဲဘူး။ စည်ပင်သာယာက ကတ္တရာပုံးမှတ်ပြီး မ,သွားမှာစိုးလို့။ အဲဒီခယ်မ သရဲဗလကို အစွံထုတ်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာကို ‘ဝါရင့်အရောင်းထိုင်း’ဆိုတဲ့ ဆရာအကြည်တော်ရဲ့ ရုပ်ရှင်အဖြစ်ပါ အောင်မြင်ခဲ့တဲ့ ယခုစာအုပ်လေးထဲမှာ ဖတ်ရှုနိုင်ပါတယ်။