Loading...

အကြည်တော်_ဇ

Categories: Books and Media    Local Books   
3,000 MMK
2,700 MMK

ဆရာအကြည်တော်၏ ဟာသ ဘဝ စာအုပ်လေးပါ





Download here!

Go to uabpay app to purchase the products.





Description

ဝတ္ထုအဖြစ်နဲ့ရော ရန်အောင်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းထွန်း၊ စိုးပြည့်သဇင်တို့ ပါဝင်သရုပ်ဆောင်ပြီး ရုပ်ရှင်အဖြစ်နဲ့ပါ အောင်မြင်ခဲ့သည့် ဆရာအကြည်တော်၏ ‘ဇ’ဝတ္ထုကို ပြန်လည်ထုတ်ဝေထားခြင်း ဖြစ်သည်။

သစ်ရွက်လှရွာကလေးမှာ အလယ်က ဖြတ်သန်းစီးဆင်းနေသည့် ရန်လိုချောင်းအမည်ရ ချောင်းကလေးကြောင့် အနောက်သစ်ရွက်လှနဲ့ အရှေ့သစ်ရွက်လှဆိုပြီး ရွာနှစ်ရွာကွဲကွာနေသလို၊ အနောက်သစ်ရွက်လှက ဦးချက်ဖောင်းနဲ့ အရှေဥသစ်ရွက်လှက ဦးဗြားကြီးတို့ မတည့်ကြပုံများကို ဟာသအမြင်လေးများဖြင့် ဖော်ပြထားပုံ၊ ဆရာတော်အမိန့်ကြောင့် ရန်လိုချောင်းပေါ် တံတားဆောက်ကြရာမှ တစ်ဖက်က ၀ါးတံတား, တစ်ဖက်က ကြိုးတံတားဆောက်ကြပုံ၊ ဦးချက်ဖောင်း၏သား ထွန်းနိုင်နှင့် ဦးဗြားကြီး၏သမီး ‌သော်တာတို့ မြို့ကျောင်းတက် ပြန်လာရာမှ ရွာသို့ လေ့လာရန် လိုက်ပါလာသော ဆရာမလေးကို ဦးချက်ဖောင်းနှင့် ဦးဗြားကြီးတို့ အပြိုင်ပိုးပန်းကြပုံ၊ ထွန်းနိုင်နှင့် သော်တာတို့က မြို့ကျောင်းတက်ရင်း မေတ္တာရှိလာကြပြီး ဖခင်နှစ်ဦး၏ ပြိုင်ဆိုင်မှုကြောင့် စိတ်ဒုက္ခရောက်ကြရပုံ၊ ဆရာမလေးကို အပြိုင်ပိုးပန်းရင်း နောက်ဆုံး ဆရာမလေးနဲ့ လူငယ်နှစ်ဦးတို့ ချောင်းထဲ ခုန်ဆင်းရန်ကြံပုံ၊ ဆရာမလေးက မြို့မှာရှိတဲ့ ချစ်သူနဲ့ လက်ထပ်ပြီးရင် ပြန်လာမယ်အကြောင်း ပြောတဲ့အခါ ဦးချက်ဖောင်းနှင့် ဦးဗြားကြီးတို့ လက်မှိုင်ချရပုံများကို ဆရာအကြည်တော်က ဟာသအမြင်ဖြင့် ဝက်ဝက်ကွဲရယ်မောရအောင် ရေးသားထားသော စာအုပ်ဖြစ်သည်။