C I E L ( စီယဲလ်) ရဲ့ "Witch Hazel Foaming Cleanser " လေးမှာဆိုရင် အဓိက ပါဝင်ပစ္စည်း ၂ မျိုး အနေနဲ့ Witch Hazel နဲ့ Black Tea Essential Oil တို့ကိုအသုံးပြုထားပါတယ်။
Witch Hazel ကြောင့်
မျက်နှာပေါ်မှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေးများကို နူးညံ့စွာ သန့်စင်ဖယ်ရှားပေးနိုင်ပြီး ပိုးမွှားများကို သေစေနိုင်ပါတယ်။
မျက်နှာ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး မလိုအပ်တဲ့ အဆီတွေကိုလည်းဖယ်ရှားပေးပါတယ်။
ဝက်ခြံကြောင့် အရေပြား နီမြန်း ယောင်ရမ်းတာတွေကို လျော့ကျစေတဲ့အပြင် အမာရွတ်တွေကို သက်သာစေပါတယ်။
Reds and Blemishes တွေကို ခြောက်သွားစေပြီး ယားယံမှုတွေကို သက်သာစေပါတယ်။
အရေပြားကို ညင်သာစွာ သန့်စင်ပေးပြီး စိုပြေစေကာ ပြန်လည်သစ်လွင်စေတာဖြစ်လို့ ရေဓာတ်ပြည့်ဝစေပါတယ်။
နေလောင်ဒဏ် ( Sunburn) တွေကိုလည်းသက်သာစေပါတယ်။
Black Tea Essential Oil မှာပါဝင်တဲ့
ကဖိန်းဓာတ်၏ Antioxidant action ကြောင့် အရေပြားကို တင်းရင်းစေပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
Collagen ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးပြီး အောက်ခံအရေပြားကိုကျန်းမာစေပါတယ်။
အမာရွတ်၊ အမဲစက်များကို သက်သာစေပြီး အသားရေကို ကြည်လင်စေပါသည်။
Black Tea Essential Oil ၏ Relaxing ဖြစ်သောရနံ့ကြောင့် မျက်နှာသစ်တိုင်း ရနံ့ကုထုံးဖြင့် ကုသ သလို ကြည်လင်လန်းဆန်းစေနိုင်ပါသည်။
အရေပြား ရောင်ရမ်းတာ puffy ဖြစ်တာတွေကို သက်သာစေပါတယ်။
ဖော်မြူလာမှာ မျက်နှာသစ်ပြီးတဲ့အခါ အရေပြားကို လုံးဝမခြောက်စေဘဲ ရေဓာတ်အပြည့်အဝ ကျန်အောင် ဖန်တီးထားတာဖြစ်လို့ မျက်နှာသစ်ပြီးချိန်မှာ bounce effect လေးကျန်နေတာမျိုး ခံစားရစေမှာပါနော်။
Foaming ပုံစံအမြှုပ်လေးတွေကြောင့်လည်း နူးညံ့စွာသန့်စင်ပေးပြီး ချွေပေါက်ကျယ်ခြင်းကို သက်သာစေပါတယ်ရှင်။
Skin Type မရွေး၊ ကျားမ မရွေး စိတ်ချစွာအသုံးပြုနိုင်ပြီး Acne Prone Sensitive Skin ၊ Tired and Dull skin ၊ Combination - Oily skin များအတွက် အထူးသင့်တော်ပါတယ်။
Skin ph level range ကို 5.5 ph ပတ်လည်ပဲ ဖြစ်အောင် ညှိထားပေးတာဖြစ်လို့ senstitive skin သမားတွေအတွက် mild အရမ်းဖြစ်ပြီးအဆင်ပြေပါတယ်။
နေ့စဉ် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စိုစွတ်နေတဲ့ မျက်နှာပေါ်တင်ကာ စက်ဝိုင်းပုံစံ သေချာစွာ ပွတ်တိုက်နှိပ်နယ်ပြီး ရေဆေးချပေးရုံနဲ့တင် ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ရရှိစေမှာပဲဖြစ်ပါတယ်ရှင်။