Loading...

ကိုအောင်(မြောက်ဦး)_ဒုက္ခနွံ

Categories: Books and Media    Local Books   
7,000 MMK
ဘိုကိုဟာရမ်တို့၏ ဖမ်းဆီးခြင်းကို ခံရကာ ဒုက္ခရောက်ခဲ့သော နိုင်ဂျီးရီးယားအမျိုးသမီးလေးတစ်ယောက်အကြောင်း




Download here!

Go to uabpay app to purchase the products.





Description

‘ဒုက္ခနွံ’ ဟု နာမည်ပေးထားသည့် ‘A Gift from Darkenss’ စာအုပ်သည် ဂျာမန်အမျိုးသမီး ဂျာနယ်လစ် အန်ဒရီယာ ဟော့ဖ်မန်း၏ နာမည်ကျော် ဖြစ်ရပ်မှန်စာအုပ်တစ်အုပ်။ ဤစာအုပ်တွင် အသက်ငယ်ငယ်ရွယ်ရွယ်၊ ကိုယ်ဝန်ဆောင် နိုင်ဂျီးရီးယားမိန်းကလေးတစ်ယောက် အကြမ်းဖက်  ဘိုကိုဟာရမ်အဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရစဉ် ကြုံတွေ့ခဲ့ရသည့် ခါးသီးစရာ၊ တုန်လှုပ်စရာ၊ ကြောက်လန့်စရာ၊ ရင်နင့်စရာ၊ မယုံနိုင်စရာ ဘ၀နေ့ရက်များကို စ လယ် ဆုံး ရင်တမမနှင့် ဖတ်ရှုကြရမည် ဖြစ်သည်။ ပေးရှန့်စ်၏ ယေကျ်ား သတ်ဖြတ်ခံလိုက်ရချိန်တွင် သူ့ဘ၀လည်း အနာဂတ်မဲ့သွားတော့မည်ကို စိုးရိမ်ခဲ့သည်။ ကလေးတစ်ယောက်ယူပြီး ပြီးပြည့်စုံသည့် မိသားစုအသိုက်အမြုံတစ်ခု တည်ဆောက်ခွင့်ရရှိရန် ညစဉ်ညတိုင်း သူ ဆုတောင်းခဲ့သည်။ သို့သော် လုံးဝမျှော်လင့်မထားသည့် လောကဓံမုန်တိုင်းတစ်ခုကြောင့် အသက် ၁၉ နှစ် အရွယ်မှာပင် မုဆိုးမဘဝ ရောက်သွားပြီး လောကအလယ်တွင် တစ်ကိုယ်တည်း အထီးကျန်ခဲ့ရရှာသည်။ အထီးကျန်နေ့ရက်များကို ဖြတ်သန်းနေရင်း အချစ်သစ်နှင့် ထပ်ဆုံခဲ့ပြန်ရာ သူ့အတွက် ပျော်ရွှင်စရာ အနာဂတ် တစ်ခု ရောက်လာတော့မည်ဟု ထင်မှတ်ခဲ့သည်။ သို့ဖြင့် နောက်အိမ်ထောင်ပြုလိုက်သည်။ ကိုယ်ဝန်ရှိနေပြီမှန်း သိလိုက်ရသောအခါ ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ခဲ့သည်။ သို့ရာတွင် သူ့ပျော်ရွှင်မှုက ရက်ပိုင်းမျှသာ တည်တံ့ခဲ့သည်။ ဘိုကိုဟာရမ်စစ်သွေးကြွများ ရောက်လာပြီး သူ၏ ပူပူနွေးနွေးယောကျ်ားကို ရက်ရက်စက်စက် သတ်ဖြတ်ကာ သူကိုယ်တိုင်လည်း ထိုအကြမ်းဖက်အဖွဲ့၏ လက်ခုပ်တွင်းထဲ ရောက်ရှိသွားရှာသည်။ အကြမ်းဖက်သမားများက သူနှင့် ဘဝတူ မိန်းမသားများအပေါ် ဘယ်လိုဘယ်ပုံ နိုင့်ထက်စီးနင်း ပြုကျင့်ခဲ့ကြ သလဲ၊ ထိုအကြမ်းဖက်သမားများမှာ ဘယ်လောက်ထိ ယုတ်မာရက်စက်ကြမ်းကြုတ်ကြသလဲ၊ သူတို့၏ လက်ခုပ် တွင်းထဲမှ ပေးရှန့်စ်တို့ သားအမိ ဘယ်လိုနည်းဖြင့် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သလဲ အစရှိသည့် စိတ်ဝင်စားဖွယ် ဖြစ်ရပ်များက စာဖတ်သူ၏ အာရုံကို မလွတ်တမ်း ဖမ်းစားထားနိုင်မည် ဖြစ်ပါကြောင်း ...