Loading...

ကိုအောင်(မြောက်ဦး)_ISIS ဓားစားခံ

Categories: Books and Media    Local Books   
7,000 MMK
ဒိန်းမတ်ဓာတ်ပုံဆရာတစ်ယောက် ဆီးရီးယားသို့ သတင်းသွားယူစဉ် ISIS တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပြန်ရွေးငွေကြောင့် ကံကောင်းထောက်မစွာ ပြန်လည်လွတ်မြောက်ခဲ့သော ဇာတ်ကြောင်း




Download here!

Go to uabpay app to purchase the products.





Description

၂ဝ၁၃ ခုနှစ်၊ မေလတွင် ဒန်နီယယ်ရိုင်းသည် ဆီးရီးယားနိုင်ငံရှိ စစ်ပွဲကြောင့် အရပ်သားများ ကြုံတွေ့ နေရသော အခြေအနေများကို ဓာတ်ပုံရိုက်မှတ်တမ်းယူရန်အတွက် ၃ ရက်ခရီး စီစဉ်ကာ ဆီးရီးယားသို့ သွားရောက်ခဲ့သည်။ ဆီးရီးယားတွင်ရှိနေစဉ် ISIS အဖွဲ့၏ ၁၃ လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထိုကာလတစ်လျှောက်တွင် မနှစ်မြို့စရာ၊ ထိတ်လန့်စရာ အတွေ့အကြုံများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ဓားစာခံများနှင့်အတူ အကျဉ်းချခံနေရစဉ်တွင် ဒန်နီယယ်မှာ အစာငတ်ခြင်း ဆင်းရဲ၊ အနှိပ်စက်ခံရခြင်း ဆင်းရဲဒုက္ခအပေါင်းတို့ကို ခါးစည်းခံခဲ့ရသည်။ ယခုစာအုပ်သည် ဒန်နီယယ်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ သူ့ရောင်းရင်း အကျဉ်းသားဟောင်းများ၊ ဂျီဟက်ဝါဒီများ၊ သူ လွတ်မြောက်လာစေဖို့ နောက်ကွယ်မှ အဓိက လှုပ်ရှားပေးခဲ့ကြသူများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို အခြေခံကာ ရေးသားထားသည့် စာအုပ်ဖြစ်ပြီး ISIS ဓားစာခံ စာအုပ်တွင် ISIS အဖွဲ့ ဖုံးကွယ်ထားသည့် လုပ်ရပ်များ၊ ဘဝတူ ဓားစာခံများအကြားမှ ခင်မင်ရင်းနှီးမှုနှင့် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားထဲမှ ရုန်းကန်ကြိုးပမ်းခဲ့ကြပုံတို့ကို ကွက်ကွက်ကွင်းကွင်း ဖော်ကျူးထားသော ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ အင်တာဗျူးစာအုပ်ကောင်း ဖြစ်ည်။