Loading...

ကိုအောင်(မြောက်ဦး)_စင်ကာပူနိုင်ငံ၏ ဒုတိယမြောက်ဝန်ကြီးချုပ် ဂိုချောက်တောင် အတ္ထုပ္ပတ္တိ

Categories: Books and Media    Local Books   
6,000 MMK

အရှေ့တောင်အာရှနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သော စင်ကာပူကို ဦးဆောင်ရသူ ဝန်ကြီးချုပ်တစ်ယောက်၏ အတ္ထုပ္ပတ္တိအကြောင်း





Download here!

Go to uabpay app to purchase the products.





Description

ဂိုချောက်တောင်သည် အလားအလာမရှိသော နိုင်ငံတစ်နိုင်ငံ တွင် ယုံရခက်လောက်အောင် ဝန်ကြီးချုပ်တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။ နိုင်ငံ့ထိပ်တန်းနေရာသို့ တက်လှမ်းဖို့အတွက် သူ့တွင် အဆက်အသွယ်လည်း မရှိခဲ့။ ဉာဏ်နီဉာဏ်နက်များလည်း မသုံးခဲ့။ တစ်ခါကဆိုလျှင် သူ၏ ပြောဆိုဆက်ဆံပုံနှင့်ပတ်သက်ပြီး 'အသက်မပါ' သည့် ဟန်ပန်ကြောင့် သူ့ဆရာ လီကွမ်ယုက လူသိထင်ရှား ဝေဖန်ခဲ့ဖူးသည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ခန့်ထည်လှသော အရပ်အမောင်းပိုင်ရှင် ဖြစ်သည်မှလွဲ၍ သူသည် သာမန်လူတစ်ဦးသာ ဖြစ်ခဲ့သည်။ ငယ်ရွယ်စဉ် ကလေးဘဝမှာပင် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အိပ်ခန်း ခန်းပါသည့် ပြည်သူပိုင် တိုက်ခန်းတစ်ခန်းတွင် မိခင်နှင့် မောင်နှမ ဦးတို့နှင့်အတူ နေထိုင်ခဲ့သည်။ ကျောင်းပြီးရန်အတွက် အစိုးရ ပညာတော်သင် ထောက်ပံ့ကြေးကို မှီခိုအားထားခဲ့ရသည်။
သို့ရာတွင် တစ်နည်းနည်းဖြင့် သူ အောင်မြင်သွားခဲ့သည်။ TALL ORDER စာအုပ်တွင် ရာစုနှစ်ဝက်ကျော် ကာလတစ်လျှောက် သူ ဖြတ်သန်းလာခဲ့သည့် အံ့ဖွယ်ကောင်းလှသော သူ့ဘဝဖြစ်စဉ်နှင့် နိုင်ငံရေးခရီးလမ်းအကြောင်းကို ပြောပြထားသည်။ တက်ကြွမှု၊ အင်အား၊ အသိဉာဏ်၊ နိုင်ငံရေး ပညာဉာဏ်တို့ ပေါင်းစပ်မှုဖြင့် စင်ကာပူ၏ ဒုတိယမြောက် ဝန်ကြီးချုပ်အဖြစ် အဆင့်ဆင့် တက်လှမ်းလာခဲ့ပုံမှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ သူ့တွင် ထိုအားသာချက်များ ကိန်းအောင်းနေသည်ကို သူကိုယ်တိုင်ရော လူအများစုကပါ မသိခဲ့ကြ။ စာအုပ်အတွဲ တွဲအနက် ဤပထမတွဲတွင် ဂိုသည် လီ၏ အလုပ်သင်အဖြစ် ခက်ခဲလှသော နှစ်,လများကို ဖြတ်သန်းခဲ့သည်။ ထိုကာလအတောအတွင်း မူဝါဒရေးရာ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ နိုင်ငံရေးထိုးနှက်ချက်များ၊ အရှက်ကွဲမှုများနှင့်လည်း ရင်ဆိုင် ခဲ့ရသည်။
သူသည် နိုင်ငံရေးလောကထဲ မဝင်မီက စင်ကာပူ အမျိုးသားရေကြောင်းကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ Neptune Orient Lines ကို အကျိုးအမြတ်ရရှိအောင် ပထမဦးဆုံး ဦးဆောင်လမ်းပြခဲ့သူ ဖြစ်ခဲ့သည်။ ထိုကုမ္ပဏီတွင် အလုပ်တာဝန်ယူခဲ့ပြီးနောက် ဆန်းသစ်သော မူဝါဒများစွာ ချမှတ်ခဲ့ပြီး သူ အစပျိုးခဲ့သည်။ Medisave စုပေါင်း
ကာကွယ်ရေး ဒေသကော်မတီနှင့် အဆိုပြုလွှတ်တော်ကိုယ်စားလှယ်တို့မှာလည်း စင်ကာပူတွင် ရပ်သိရွာသိ နာမည်များ ဖြစ်လာခဲ့သည်။ သို့သော် လွတ်လပ်ရေးရပြီးနောက် အန်ဆန် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ရှုံးနိမ့်မှုတို့အပါအဝင် ထိုးနှက်ချက်များနှင့်လည်း ကြုံခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် ဂိုက PAP ကို ကြီးကြပ်ခဲ့ရသည်။
#တရားဝင် ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သည့် ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် နာမည်ကြီး စာရေးဆရာနှင့် ဂျာနယ်လစ် ပေ့ရှင်ဟွေ့က စင်ကာပူ၏ ပထမဆုံးအကြိမ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲမတိုင်မီ ဂိုနှင့် လီအကြား ညှိနှိုင်းခဲ့ကြပုံများနှင့် စဉ်းစားဆင်ခြင်ခဲ့ကြပုံများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ စာဖတ်သူ၏ အာရုံကို မလွတ်တမ်း ဖမ်းစားထားနိုင်သည့် ဤစာအုပ်သည်ကား စင်ကာပူ၏ အကြီးကျယ်ဆုံးနှင့် အရေးပါဆုံး နိုင်ငံရေးဖြစ်စဉ်များနှင့် စီးပွားရေးဖြစ်စဉ်များကိုပါ ရှားရှားပါးပါး လေ့လာခွင့် ရရှိနိုင်မည့် စာအုပ် ဖြစ်ပြီး စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာတွင် အရောင်းရဆုံး စာအုပ်ဖြစ်ပါသည်။