Loading...

ကိုအောင်(မြောက်ဦး)_တာလီဘန်ကို အန်တုသူ

Categories: Books and Media    Local Books   
10,000 MMK
အဖဂန်နစ္စတန်နိုင်ငံသား ကဗျာဆရာသည် မိခင် မူဆလင်ဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသဖြင့် အစ်ကိုရင်းဖြစ်သူကိုယ်တိုင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လွတ်မြောက်ရာသို့ ထွက်ပြေးရသည့် ဇာတ်ကြောင်း




Download here!

Go to uabpay app to purchase the products.





Description

ဘာသာရေးအစွန်းရောက်မှုကြောင့် ခရစ်ယာန်ဘာသာကိုးကွယ်သူများအား သေဒဏ်ပေးကာ ပြစ်ဒဏ်စီရင်လေ့ ရှိသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် ပွတ်(အ်) (ကဗျာဆရာ) ဟုသာ လူသိများသည့် အံ့ဖွယ်ပုဂ္ဂိုလ်တစ်‌ယောက်၏ မယုံနိုင်ဖွယ်ရာ ဘဝအလှည့်အပြောင်းများကို ဤစာအုပ်တွင် ရင်တမမဖြင့် ဖတ်ရှုရမည်ဖြစ်သည်။ သူသည် မိရိုးဖလာ အစ္စလာမ်ဘာသာကို စွန့်ပယ်ပြီး ခရစ်ယာန်ဘာသာဝင်အဖြစ် ခံယူလိုက်ချိန်မှစ၍ ယနေ့ချိန်ထိတိုင် အောင် လုပ်ကြံရန် ကြိုးပမ်းမှုများနှင့် အကြိမ်ကြိမ် အထပ်ထပ် ရင်ဆိုင်ခဲ့ရသော်လည်း အသက်ရှင်လွတ်‌‌မြောက် ခဲ့သည်။ သူ့မိသားစုနှင့် သူ့ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးခဲ့ရသည်။ အမှန်တရား၊ ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်မှု ကို ရှာဖွေရင်း ဥရောပနိုင်ငံများစွာတွင် ကြုံလာသမျှ ဒုက္ခသုခများကို ကြံ့ကြံ့ခံပြီး တောင်ပြေးမြောက်ပြေး တိမ်းရှောင်နေခဲ့ရသည်မှာ သူ့အတွက် အချိန် ၁၁ နှစ် ကုန်လွန်သွားစေခဲ့သည်။ ဤစာအုပ်ကို ဖတ်ရှုကြည့်ခြင်း ဖြင့် အယူသီးသော ဘာသာရေးအစွန်းရောက်သော လူ့အဖွဲ့အစည်းတစ်ခု၏ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိခွင့်ရကြမည်ဖြစ်သလို ဇာတ်ကောင်၏ သတ္တိရှိမှု၊ လောကဓံကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်မှု၊ အသက်အန္တရာယ် နှင့် တောက်လျှောက်ကြုံခဲ့ရသည့်တိုင် သူ သက်ဝင်ယုံကြည်သည့် ဘာသာတရားကို လုံးဝမပစ်ပယ်ဘဲ သူ့ရည်မှန်းချက် ပြည့်ဝရေးအတွက် မည်သို့မည်ပုံ ကြိုးစားခဲ့ပုံတို့ကိုပါ လေ့လာသိရှိခွင့်ရကြမည် ဖြစ်သည်။