Loading...

ကိုအောင်(မြောက်ဦး)_သူလိုအမေ သူလိုသမီး

Categories: Books and Media    Local Books   
12,000 MMK
ဘာသာမတူသူနှစ်ယောက် ချစ်ကြိုက်ရာမှ ရရှိခဲ့သည့် သမီးငယ်လေးကို ဆီးရီးယားလူမျိုး မူဆလင်ဖခင်က ဆီးရီးယားသို့ ပြန်ပေးဆွဲခဲ့သည်ကို မိခင်ဖြစ်သူက ပြန်လည်ကယ်တင်ပုံအကြောင်း




Download here!

Go to uabpay app to purchase the products.





Description

ဆီးရီးယားနိုင်ငံတွင် အဆိုးရွားဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ကာလ၌ လူးဝစ်မိုနာဂန်သည် ဆိုက်ပရက်စ်နိုင်ငံရှိ သူ့နေအိမ်မှ ဖခင်ဖြစ်သူ (ခင်ပွန်းဟောင်း)၏ စာနာစိတ်ကင်းမဲ့စွာ အလစ်သုတ် ခေါ်ဆောင်ခြင်း ခံခဲ့ရသော အသက် (၆) နှစ်အရွယ် သမီးငယ်ကို ကယ်ရန်အတွက် လုံခြုံရေးအပြည့်ချထားသည့် နယ်စပ်တစ်ခုကို ကျော်ဖြတ်ပြီး ဆီးရီးယားနိုင်ငံ ထဲ ဝင်ရောက်သွားခဲ့သည်။ ရှေ့တွင် ကြိုတင်မှန်းဆ၍မရသည့် အန္တရာယ် မျိုးစုံရှိနေသော်ငြားလည်း သူသည် သမီးငယ်နှင့် ပြန်တွေ့ခွင့်ရရေး၊ သမီးငယ်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးဆိုသော ခိုင်မာသောယုံကြည်ချက်ဖြင့် သူသည် အရာအားလုံးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။  ပြန်ပေးဆွဲခံရသည့် သမီးငယ်နှင့် ပြန်တွေ့နိုင်ရေးအတွက် ခင်ပွန်း ဟောင်းကို သူ ချစ်နေသေးကြောင်း၊ မိသားစုတစ်စုလို အတူပြန်နေချင်ကြောင်း၊ တစ်ဖက်လူယုံကြည်လာအောင် ပရိယာယ်မာယာသုံးပြီး လှည့်ကွက်ဆင်ကာ ခင်ပွန်းဟောင်း၏ဇာတိ ဆီးရီးယားမြေပေါ်သို့ အရဲစွန့်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဆီးရီးယားသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် လူးဝစ္စသည် ချုံးချုံးကျနေသော အိမ်တစ်အိမ်ထဲတွင် သော့ခတ်လှောင်ပိတ် ထိန်းသိမ်းခံခဲ့ရသည်။ စားရသည့် အာဟာရကလည်း မစို့မပို့၊ လွတ်မြောက်ရန်လည်း မျှော်လင့်ချက်မရှိ၊ သောက်ရသည့်ရေက မသန့်မရှင်း၊

ခင်ပွန်းဟောင်းကလည်း အရင်လို လူမဆန်စွာ ရိုက်နှက်နှိပ်စက် သူ့ကိုလာကယ်ရန် ပိုက်ဆံပေးထားသည့် တူရကီလူမှောင်ခိုသမားများကလည်း  တိမ်းရှောင်ထွက်ပြေးသွားကြသည့်အဆုံး မထူးဇာတ်ခင်းခဲ့ရရာ သမီးငယ်

နှင့်အတူ နှစ်ယောက်တည်း အရဲစွန့်ထွက်ပြေးလာခဲ့သည်။ သူတို့သားအမိသည် ဗုံးခွဲတိုက်ခိုက်မှုများ၊ လက်ဖြောင့်သေနတ်သမားများ၏ ပစ်ခတ်မှုများကြားမှ ထွက်ပြေးပြီး ပိန်းပိတ်မှောင်နေသည့် ညအမှောင်

ထဲတွင် ဆီးရီးယားစစ်သားများ မပြတ်ကင်းလှည့်နေသည့် တောင်တန်းကြီးတစ်ခုကို သက်စွန့်ဆံဖျား ကျော်ဖြတ်ခဲ့ကြသည်။ သူတို့သားအမိ ဖြတ်သန်းခဲ့ရသည့် ခရီးကြမ်းသည်ကား ကျောချမ်းစရာကောင်းလှသည်။

ဤစာအုပ်တွင် သမီးငယ်အပေါ် လူးဝစ္စထားရှိသည့် မိခင်စိတ်၊ ထိုမိခင်စိတ်ကို အရင်းတည်ပြီး သမီးငယ်ကို အသက်နှင့်ရင်းကာ သွားရောက်ကယ်တင်ခဲ့မှု၊ သမီးငယ်ကလည်း ကလေးငယ်တစ်ဦးဖြစ်နေစေကာမူ အံ့အားသင့်စရာကောင်းလောက်အောင် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ပြီး ကြုံနေရသည့် လောကဓံကို မညည်းမညူ ရင်ဆိုင်ကျော်ဖြတ်ခဲ့မှုတို့ကို စ လယ် အဆုံး စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။